မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမတွင် ယခုလ ၁၆ ရက် နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး ကော်မတီဝင် များ၊ မကွေးခရိုင်ပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကော်မတီများ၊ မကွေးခရိုင်အတွင်းရှိ မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်များမှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မကွေးခရိုင် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခွင့် ရသည့် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ရာနှုန်းပြည့် ၅ဝ ခန့် တက်ရောက်ကြသည်။

13754646_297756693904887_6162947701753182061_n

အခမ်းအနားမစတင်မီ ပါတီလူငယ်မောင်မယ်များက ကေသရာဇာခြင်္သေ့ သီချင်းနှင့် ပြည်ခိုင်ဖြိုး လူငယ် သီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ သဘာပတိအဖြစ် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ(ငြိမ်း) ဦးစောဝင်းမောင်၊ တိုင်းဒေသကြီး ပါတီနာယက ဦးအောင်ချိန်နှင့်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဝင်းတို့က ဆောင်ရွက်ကြသည်။ 

သဘာပတိက ပြန်လည်ဖွဲ့စည်းရသည့်အကြောင်းများကို ရှင်းလင်းပြောကြားပြီး ၂ဝ၂ဝ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် ပါတီဝင်များ စည်းလုံးညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်ကြပါရန် မှာကြားပြီး မကွေးခရိုင်ပါတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား ကော်မတီဝင် ဦးထွန်းရှိန်က ဖတ်ကြားသည်။

ဆက်လက်၍ လက်ရှိတာဝန်ထမ်းဆောင်နေသော ခရိုင်ပါတီကော်မတီဝင်များ နုတ်ထွက်ကြောင်း ကြေညာပြီး နုတ်ထွက်သွားသော ကော်မတီဝင်ဟောင်းများ နေရာတွင် အစုအဖွဲ့အသီးသီး အလိုက် အဆိုပြုကော်မတီဝင်စာရင်းနှင့် အရန်ပါတီကော်မတီဝင် စာရင်းများအား တင်သွင်းကြပြီး အခမ်းအနားကို ခေတ္တရပ်နားသည်။ 

အခမ်းအနားရပ်နားနေစဉ်အတွင်း လျာထားကော်မတီဝင်တစ်ဦးချင်းအား ရွေးချယ်ရေးကော်မတီ အဖွဲ့မှ လူတွေ့မေးမြန်းဆန္ဒခံယူသည်။

အခမ်းအနားပြန်လည်စတင်ရာတွင် သဘာပတိ ဦးစောဝင်းမောင်က ရွေးချယ်တင်မြှောက်ခြင်းခံရသော ကော်မတီဝင်စာရင်းနှင့် အရန်ကော်မတီဝင် စာရင်းအားကြေညာပြီး တာဝန်ပေးအပ်ခဲ့ပြီး ရွေးချယ်တင်မြှောက်ခြင်းခံရသော ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များက သဘာပတိရှေ့ မှောက်တွင် ကတိသစ္စာပြုကြသည်။

ဆက်လက်၍ ဆန္ဒပြုရွေးချယ်ပေးသောဥက္ကဋ္ဌအဖြစ် ဦးထွန်းရှိန်၊ အတွင်းရေးမှူးအဖြစ် ဒေါ်စန္ဒာ လွန်းမြင့်နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးတင်မြင့်လှိုင် တို့အား ရွေးချယ်ကြေညာသည်။

ဆက်လက်၍ တိုင်းဒေသကြီးပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိသူ ငါးဦးအား ကြေညာပြီးနောက် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

ဇော်မြင့်(မကွေး) 


Leave a Reply