တနိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကျင်းပပြီးစီး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၁၆) ရက် နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပါတီရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ရွေးချယ်ခံ ကိုယ်စားလှယ်များ၊ ရပ်စည်း ရပ်/ကျေး ပ-ဒု စည်းမှူးများ၊ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနား ပထမပိုင်းတွင် အစီအစဉ်အရ သဘာပတိ ပြည်နယ်ကော်မတီဝင် ဦးဥာဏ်သိန်းမှ အဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက် တနိုင်းမြို့နယ်ပါတီကော်မတီအား ဒီမိုကရေစီနည်းအတိုင်း မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ မြို့နယ်ပါတီဥက္ကဋ္ဌ အဖြစ် ဦးမြင့်ကို၊ အတွင်းရေးမှူး အဖြစ် ဦးဘေါမ်ဆောင်၊ ဘဏ္ဍရေးမှူးအဖြစ် ဦးအောင်လင်းတို့အား ရွေးချယ်အတည်ပြုခဲ့သည်။
ဆက်လက်၍ မြို့နယ်ပါတီကော်မတီဝင် (၁၂) ဦးအား ရွေးချယ်ရာ ကချင်မျိုးနွယ်စု (၅) ဦး၊ ဗမာ(၃)ဦး၊ နာဂ (၂)ဦး၊ လီဆူ (၁)ဦး အခြား(၁) ဦးနှင့် မြို့နယ်ပါတီကော်မတီစုစုပေါင်း (၁၅) ဦး၊ အချိန်ပိုင်း (၁၅) ဦးတို့ကို အောင်မြင်စွာရွေးချယ်ခဲ့ပြီး အစည်းအဝေး ညနေ (၃) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံး ကြောင်း သတင်းရရှိသည်။