မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ဟိုပင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇူလိုင်လ (၁၄) ရက် နေ့လည် (၁) နာရီအချိန်က ပြန်လည် ရွေးချယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ မိုးညှင်းခရိုင် ပါတီ အမှုဆောင် ဦးတင်ဌေး၊ ဟိုပင်တွဲဘက်တာဝန်ခံ ဦးဌေးဝင်း (မိုးညှင်း လူငယ်ရေးရာတာဝန်ခံ) ဦးဖုန်းမြင့်၊ ဦနေမျိုးလင်းနှင့် ရပ်ကျေး(၁၂)အုပ်စုမှ ပ-ဒု ခေါင်ဆောင် လူငယ်အဖွဲ့ စုစုပေါင်း (၃၀)ဦးခန့်တက်ရောက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ခရိုင်ပါတီအမှုဆောင် ဦးတင်ဌေးမှ လူငယ်အဖွဲ့အတွက် ရန်ပုံငွေ ၅၀၀၀၀ ကျပ် လှူဒါန်းပြီး အစည်းအဝေးကို နေ့လည် (၂) နာရီခွဲအချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိသည်။

Credit – ငမွေတိုး


Leave a Reply