ဂျပန်ဘုရင် ထီးနန်းစွန့်လွှတ်မည်ဟူသော သတင်းအား ဂျပန်တော်ဝင်နန်းတော်က ငြင်းဆို

ဂျပန်တော်ဝင်ဧကရာဇ် အကီဟီတိုသည် ထီးနန်းစွန့်မည်ဟူသည် မဟုတ်မှန်ကြောင်း အိမ်တော်ဝန်ရုံးက ဇူလိုင် ၁၄ ရက်က သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

Japan

သက်တော် ၈၂ နှစ်ရှိနေပြီဖြစ်သော ဧကရာဇ်အကီဟီတိုသည် ထီးနန်းစွန့်လွှတ်မည်ဆိုက နန်းစဉ်သက် နှစ်ပေါင်း ၂၆၀၀ ကျော်ရှိသော ဂျပန် ထီးမွေနန်းမွေတွင် နန်းဆက်ပြတ် တောက်သွားဖွယ်ရှိသည်ဟူသော သတင်းတစ်ရပ် ပြင်ပတွင်ထွက်ပေါ်နေသည်ကို ဂျပန်နန်းတော်ကငြင်း ဆိုလိုက်ခြင်းဖြစ်သည်။ ဂျပန်NHK သတင်းဌာနကလည်း ဧကရာဇ် အ ကီဟီတိုသည် ထီးနန်းကို သားတော်အား လွှဲအပ်မည်ဟု ထီးနန်းအသိုင်းအ၀ိုင်းသတင်းများကို ကိုးကား၍ ဖော်ပြခဲ့သေးသည်။

ယင်းသတင်းကိုကြားသိရသူ ဂျပန်ပြည်သူများမှာ အလွန်အမင်း အံ့သြသွားခဲ့ကြရသည်။ ယင်းသတင်း အပေါ်NHK သတင်းဌာနနှင့် ကျိုဒို သတင်းဌာနတို့ကလည်း ဂရုတစိုက် အတည်ပြုရေးသားခဲ့ခြင်းဖြစ်သည်။ ဧကရာဇ်အိမ်တော် ၀န်ရုံးအနေနှင့် အခြားအသေးစိတ်အချက်အလက် သတင်းများအား မထုတ်ပြန်ခဲ့ချေ။

“ဒီသတင်းမှာ လုံးဝ(လုံးဝ)မမှန် ကန်ပါဘူး” ဟု ဒုတိယအိမ်တော်ဝန် ရှီနီချီရိုယာမာမိုတိုက သတင်းထောက်များ ကိုပြောဆိုလိုက်သည်။ “ဘုရင်မင်းမြတ်ဟာ ထီးနန်းနဲ့ပတ်သက်တဲ့ သတင်းတွေကိုထုတ်ပြန်မယ်ဆိုရင် အင်မတန် အသေးစိတ်နဲ့ စနစ်တကျ စီမံခန့်ခွဲ ထုတ်ပြန်တတ်ပါတယ်”ဟု ဆက်လက်ပြောကြားလိုက်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က နန်းစွန့်သတင်းအမှားအမှန် မသေချာ၍ ဝေဖန်ချက်ပေးရန် ငြင်းဆိုလိုက် သည်ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒါဆူဂါက ပြောဆိုလိုက်သည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံတွင် အခြေခံဥပဒေရှိနေသော်လည်း ဘုရင်အကီဟီတိုသည် နိုင်ငံ၏ ဦးသျှောင်အဖြစ် နိုင်ငံကိုယ်စားပြုနေရသည်။ ဂျပန်ဧကရာဇ် အိမ်တော်ရုံးက ထီးနန်းကိစ္စနှင့်ပတ်သက်၍ လော လောဆယ် အစီအစဉ်မရှိဟု အေအက်ဖ်ပီသတင်းဌာနသို့ ပြောဆိုလိုက်သည်။

သို့သော် ဂျပန်၏ထိပ်တန်းသတင်းစာကြီးတစ်စောင်ဖြစ်သော ယိုမီယူရီရှင်ဘွန်းကမူ အစိုးရအနေနှင့် ယင်းသတင်း အပေါ် အထူးသိုသိုသိပ်သိပ် လျှို့ဝှက်ထားသည်ဟူ၍ မှတ်ချက်ပြုရေးသားလိုက်သည်။

ဧကရာဇ် အကီဟီတိုအနေဖြင့် ဆီးကျိတ်ကင်ဆာအပါအ၀င် ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြင့် ကြုံတွေ့နေရ၍ လူအများက ထီးနန်း ကိစ္စတွင် သို့လောသို့လော တွေးတော နေကြခြင်းဖြစ်သည်ဟု သတင်းများ အရ သိရှိရသည်။

Ref: CNA


 


Leave a Reply