နည်းပညာနှင့် သက်မွေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

နည်းပညာနှင့် သက်မွေးပညာ နှီးနှောဖလှယ်ပွဲ (TVET Forum) ကို ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက် များတွင် နေပြည်တော် MICC-II ၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း MOE မှ သိရသည်။

TVET Fourm

မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍတွင် သက်မွေးပညာရေး သင်ယူနိုင်သော အခွင့်အလမ်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်၊ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ၏ အရည် အသွေးနှင့် စီမံခန့်ခွဲမှုများ ပိုမိုအားကောင်းလာစေရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ စက်မှု လုပ်ငန်းများ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ နှီးနှောဖလှယ်၍ နည်း ပညာနှင့် သက်မွေးပညာရေးကဏ္ဍအား ရေရှည်တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်နိုင်မည့် အစီအစဉ် များနှင့် လုပ်ငန်းနည်းလမ်း အဆင့်ဆင့်တို့အား ချမှတ်နိုင်ရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများနှင့် ကိုယ်စား လှယ်များ၊ ဝန်ကြီးဌာနများမှ နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်ရေး (TVET) ကိုယ်စားလှယ်များ၊ နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန (DTVET) မှ ကိုယ်စားလှယ်များ၊ TVET sector မှ ကျောင်းအုပ်ကြီးများ၊ National Skills Standards Authority (NSSA)မှ ကိုယ်စားလှယ် များ၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) ကိုယ်စားလှယ် များ၊ မိတ်ဖက်ကုမ္ပဏီများ၊ စက်မှုဇုန်များ၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများနှင့် အထူး စီးပွားရေးဇုန်များမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထားကြောင်း သိရသည်။

Internet Journal


Leave a Reply