မျှော်လင့်မထားတဲ့ အမှတ်တရတွေနဲ့ (၇၀) နှစ်ပြည့်မွေးနေ့ ကျင်းပတဲ့ စတားလုံး

အမေရိကန်သရုပ် ဆောင်မင်းသားကြီး ဆီလ်ဗက် စတာ စတားလုံးသည် အသက် (၇၀)နှစ်ပြည့် မွေးနေ့ကို မျှော်လင့်မထားသော အမှတ်တရများဖြင့် ကျင်းပခဲ့သည်။

star

စတားလုံးသည် မိသားစုနှင့်      မိုနာကိုနိုင်ငံသို့ အပန်းဖြေခရီးရောက်ရှိနေစဉ် သူငယ်ချင်းများနှင့် မိသားစုဝင်များ စီစဉ်ပေးသော ညစာစားပွဲသို့ အထူးဧည့်သည် အဖြစ် တက်ရောက်ခဲ့သည်။ စတားလုံးသည် ယင်းပွဲသို့ရောက်ရှိပြီး နောက်တွင်မှ ၎င်းအသက် (၇၀)ပြည့်မွေးနေ့အတွက် စီစဉ်ပေးသောပွဲဖြစ်ကြောင်း သိရှိခဲ့သည်ဟု သတင်းထောက် များအား ပြောသည်။

အဆိုပါပွဲကို စတားလုံး၏ မိတ်ဆွေများဖြစ်သော ဗစ်တိုးရီးယားနှင့် အိုင်းဆက်အိုဘာဖက်တို့က စီစဉ်ပေးပြီး အဆိုတော် ရစ်ကီမာတင် အပါအဝင် ဧည့်သည် (၈၈) ဦး တက်ရောက်ခဲ့သည်။

မွေးနေ့ရှင် စတားလုံးအတွက် နောက်ထပ်အံ့သြဖွယ် အခြေအနေမှာ မိုနာကိုနိုင်ငံကို အုပ်ချုပ်သော မင်းသား အဲဘတ်ကို ကိုယ်တိုင် ၎င်း၏မွေးနေ့သို့ လာရောက်ချီးမြှင့်ခြင်းဖြစ်သည်။ မင်းသား အဲဘတ်က မိခင်ဖြစ်သူ မင်းသမီး ဂရေ့စ်၏ ရှားပါးသော အဖြူအမည်းဓာတ်ပုံတစ်ပုံကို စတားလုံးအား   မွေးနေ့လက်ဆောင်ပေးခဲ့သည်။

‘‘ဒီလူတွေနဲ့ ဆုံတွေ့ရလို့ တကယ့်ကိုပျော်တယ်။ အထူးသဖြင့် မင်းသားအဲဘတ်ပါ’’ဟု စတားလုံးက မိုနာကို သတင်းစာ Nice Matin အား ပြောခဲ့သည်။ ရွှေကမ္ဘာလုံးဆုရ သရုပ်ဆောင်မင်းသား ဆီလ်ဗက်စတာ စတားလုံး သည် ဇူလိုင် ၆ ရက်တွင် အသက် (၇၀) နှစ်ပြည့်ခဲ့သည်။

7 Day Daily


Leave a Reply