ယူရိုပြိုင်ပွဲ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ဂါရတ်ဘေးလ်မပါဝင်

Bales

ယူရို ၂၀၁၆ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း ကို ယူအီးအက်ဖ်အေက ရွေးချယ်ပြီးနောက် နေရာအလိုက်အကောင်းဆုံး ကစားသမား ၁၁ ဦး စာရင်း ထုတ်ပြန်ရာတွင် ဂါရတ်ဘေးလ် ပါဝင်လာခြင်း မရှိပေ။

‘‘ဂရစ်ဇ်မန်းဟာ သူကစား ခဲ့တဲ့ပွဲတိုင်းမှာ အန္တရာယ်ပေးနိုင် ခဲ့ပါတယ်။ သူ့အသင်းအတွက် ကြိုးစားပြီး ဘောလုံးပိုင်ဆိုင်မှုရဖို့ ဖန်တီးမှုအမြင်နဲ့ အဆုံးသတ်စွမ်း ရည်ကောင်းပါတယ်’’ဟု ယူအီး အက်ဖ်အေနည်းစနစ်ပိုင်း အကြီး အကဲ လူပီစကူက ပြောသည်။

ယခုအကောင်းဆုံးဘောလုံး သမားများကို ရွေးချယ်သော အ ဖွဲ့တွင် ယူအီးအက်ဖ်အေ၏ နည်း စနစ်လေ့လာသူ ၁၃ ဦး အဖွဲ့၌ မန်ယူနည်းပြဟောင်း ဖာဂူဆန် လည်း ပါဝင်သည်။

အက်သလက်တီကိုတိုက် စစ်မှူး ဂရစ်ဇ်မန်း (၂၅) နှစ်သည် လာလီဂါအဓိကပြိုင်ဘက်ရီးရဲလ် ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရှုံး နိမ့်ပြီးနောက် တစ်လအကြာ ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပေါ်တူဂီကို ရှုံးနိမ့်ခဲ့သည်။

ယူရိုပြိုင်ပွဲတွင် ပြင်သစ်အသင်းအတွက် သွင်းယူခဲ့သော ဂိုးပေါင်း   ခြောက်ဂိုးအတွက် ဂရစ်ဇ်မန်းက ရွှေဖိနပ်ဆု ရရှိခဲ့သည်။

ယူအီးအက်ဖ်အေ၏ နေရာ အလိုက် အကောင်းဆုံး ၁၁ ဦး စာရင်းတွင် ဝေးလ်စ်အသင်းအတွက် ခြေစွမ်းပြခဲ့သော ရီးရဲလ် ကြယ်ပွင့်ဂါရတ်ဘေးလ်မပါဝင် သော်လည်း ရမ်ဆေးနှင့် ဂျိုအယ် လန်တို့ ပါဝင်လာသည်။

ယူအီးအက်ဖ်အ၏ စာရင်းတွင် ရှေ့တန်းအကောင်းဆုံးအဖြစ် ဂရစ်ဇ်မန်း (ပြင်သစ်)၊ ပါရက်(ပြင်သစ်)နှင့် ရော်နယ်ဒို (ပေါ်တူ ဂီ)တို့ ရွေးချယ်ခံရကာ တိုနီခရုဇ် (ဂျာမနီ)၊ ရမ်ဆေး(ဝေးလ်စ်)၊ ဂျိုး အယ်လန် (ဝေးလ်စ်)၊ ဂူအာရီယို (ပေါ်တူဂီ)၊ ပီပီ(ပေါ်တူဂီ)၊ ဘို တန်(ပေါ်တူဂီ)နှင့် ကင်မစ်ခ်ျ (ဂျာ မနီ)၊ပက်ထရီစီယို(ပေါ်တူဂီ)စသည့် ကစားသမား ၁၁ ဦး ပါဝင်သည်။

-Ref;  Goal.com


Leave a Reply