(၆၉) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံ တိုင်ဝက်လွှင့်ထူရန် နှင့် ဥသြဆွဲရန်

Rzarni

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (အင်္ဂါနေ့)၊ ၆၉ နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက် လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားက ဥသြဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေး တို့အတွက် အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်သို့ ဆက်လက်ညွှန်ကြားရန် နိုင်ငံတော်သမ္မတရုံးက အစိုးရရုံးဌာန အားလုံးသို့ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

‪#‎MyanmarPresidentOffice


Leave a Reply