အမရပူရပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

အမရပူရမြို့နယ် ဆင်ရွာမြင်းမူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော်ရင်ပြင်တွင် ယနေ့ နံနက်(၀၈း၀၀)အချိန်တွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်းပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်များမှ ပြည်ခိုင်ဖြိုးအဖွဲ့များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသိန်းထွန်းဦးနှင့်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများများမှ ပြည်ခိုင်ဖြိုးများ စုစုပေါင်း(၁၃၀)ကျော်ခန့်တက်ရောက်ခဲ့ကြပြီး စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

သစ်ပင်စိုက်ပွဲအပြီးတွင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးရဲမြင့်နှင့်အဖွဲ့သည် ကျောက်စိမ်းစေတီတော်ကြီးအား ဖူးမျှော်ကန်တော့ပြီး စေတီတော်ကြီးအားလှည့်လည်ကြည်ညိုခဲ့ရာ ဘုရားဂေါပက အဖွဲ့မှ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသိရှိရပါသည်။

Zaw Aung Htet


Leave a Reply