ရန်ကုန်စီးပွားရေးတက္ကသိုလ် ညနေပိုင်း မဟာဘွဲ့သင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

13680624_10207444948461743_3983717068341979655_n

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ညနေပိုင်း မဟာဘွဲ့ သင်တန်းများသို့ တက် ရောက် လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။

စီးပွားရေးတက္ကသိုလ်တွင် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့ (EMBA)၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (EMPA)၊ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (EMDEvS) သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး တက်ရောက်လို သူများအနေဖြင့် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ၊ အစိုးရ ဝန်ထမ်းဖြစ်ပါက ပြန်တမ်းဝင်အရာရှိ လုပ်သက် ၈ နှစ်ရှိသူများ၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက Executive Level လုပ်သက် ၈ နှစ်ရှိသူများ၊ ၂၀၁၆ ခုနှစ် စက်တင် ဘာလ ၁ ရက်တွင် အသက် ၃၀ ပြည့်ပြီးသူများ ဖြစ်ရမည်ဟု သိရသည်။

လျှောက်လွှာများကို ဇူလိုင်လ ၁၁ ရက်မှစတင်ကာ သြဂုတ်လ ၅ ရက်အထိ ပေးပို့နိုင်မည်ဖြစ်ပြီး EMBA သင်တန်း အတွက် စီမံခန့်ခွဲမှုပညာဌာန (ပတ္တမြားဆောင်)၊ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)၊ EMPA သင်တန်းအတွက် အသုံးချဘောဂဗေဒဌာန အခန်း (၁၁၂)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အင်းလျားလမ်း၊ EMDevS သင်တန်းအတွက် ဘောဂဗေဒဌာန (အခန်း ၁၀၆)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အင်းလျားလမ်း တို့တွင် လျှောက်ထားရမည်ဖြစ်သည်။

သင်တန်းဝင်ခွင့်စာမေးပွဲများကို သြဂုတ်လ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး EMBA အတွက် ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်နယ်မြေ) တွင်လည်းကောင်း၊ EMPA နှင့် EMDevS သင်တန်းတို့အတွက် ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်မြေ) တွင် လည်းကောင်း ဖြေဆိုရမည် ဖြစ်သည်။

တက်ရောက်လိုသူများအနေဖြင့် EMBA ဖုန်း- ၆၆၁၇၃၆၊ ၆၆၄၆၈၄၊ ၆၆၀၈၂၂၊ EMPA ဖုန်း- ၅၁၂၆၃၃၊ ၀၉၄၃၁၂၇၂၃၆၊ EMDevS ဖုန်း- ၅၁၀၂၁၃၊ ၅၃၆၄၃၆၊ ၅၂၆၆၁၃ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်မည် ဖြစ်သည်။


Leave a Reply