တနိုင်းမြို့နယ်ပြည်ခိုင်ဖြိုး ပုံမှန်လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၁၁)ရက် နေ့လည် (၂) နာရီခွဲအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဆိုင်းလမှ ဇူလိုင်လ (၁၆) ရက်တွင် ကျင်းပပြုလုပ် မည့် မြို့နယ်ပါတီမျက်နှာစုံညီအစည်းအဝေး ဆပ်ကော်မတီအလိုက် လုပ်ငန်းများကို ဇူလိုင် (၁၅) ရက်နေ့ အပြီး ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များ တင်ပြသွားရန် ပြောကြားခဲ့ပြီး ဆပ်ကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် တင်ပြဆွေးနွေးခဲ့ ကြသည်။

ယင်းအစည်းအဝေးသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဆိုင်းလ၊ ခရိုင်ပါတီ ကော်မတီဝင် ဦးကေဆမ်အောင်၊ မြို့နယ်ပါတီကော်မတီများဖြစ်ကြသော ဦးဘောမ်ဆောင်၊ ဦးသန်းမောင်၊ ဦးလဂျာ၊ ဦးအောင်လင်း၊ ဦးဇော် အောင်၊ ဦးဇော်ပိုင်၊ ဦးမြင့်ကို၊ ဦးငွားဆီး၊ ဒေါ်ဂျာအောင် တို့ တင်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။


Leave a Reply