Samsung ၏ ကမ္ဘာ့ပထမဆုံး UFS memory card များ
Samsung သည် ဖြုတ်နိုင်၊ တပ်နိုင်သော UFS (Universal Flash Storage) memory card များကို ပထမဆုံး အကြိမ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခဲ့သည်။
၎င်း၏ 256GB ၏ read speed မှာ SSD ကဲ့သို့ တစ်စက္ကန့်လျှင် 530MB ရှိကာ လက်ရှိအကောင်းဆုံး microSD card များထက် ၅ ဆ ပိုမိုမြန်ဆန်သည်။ ထို့အပြင် write speed မှာ တစ်စက္ကန့်လျှင် 170MB ရှိပြီး လက်ရှိ microSD card များထက် ၃ ဆနီးပါး မြန်ဆန် သည်။
ယခုအသစ်ထွက်ရှိမည့် 256 GB ကတ် random read နှုန်းမှာ သာမန် microSD ကတ်ထက် အဆ ၂၀ မြန်ဆန်ကြောင်း Samsung က ပြောကြားထားသည်။
အဆိုပါ ကတ်များသည် Samsung မှ အသစ်ထွက်ရှိမည့် Galaxy Note 7 အသုံးပြုဖွယ်ရှိကြောင်း သတင်းများက ခန့်မှန်းဖော်ပြ နေလျက်ရှိသည်။
Ref: Engadget
Internet Journal