Myanmar Idol ပြိုင်ပွဲဝင် ၁၁ ဦး ပြန်လည်ဆန်းသစ်တဲ့ တစ်ခေတ်တစ်ခါက ကျော်ကြားတေးများ

 Acoustic သီချင်းများ ဖြင့် စီစဉ်ထားသော Myanmar Idol ၏ ဆန်ခါတင်နောက်ဆုံး အဆင့် ပြိုင်ပွဲဝင် ၁၁ ဦး၏ IDOL Acoustica Album ကို ဥက္ကာဦး သာ၏ စီစဉ်မှုဖြင့် ဇူလိုင် ၆ ရက် က ဖြန့်ချိခဲ့သည်။

‘‘ဒီအခွေက ကျွန်တော့်အိပ် မက်ထဲက အခွေပါ။ ဒီလိုမျိုး Acoustica နဲ့ တကယ်ကိုသာယာ ငြိမ့်ညောင်းတဲ့လူသိများခဲ့တဲ့ သီချင်းလေးတွေ ဘာလို့မရှိခဲ့တာ လဲဆိုပြီး ဒါကို ကျွန်တော်အိပ်မက် လေးရှိခဲ့တယ်။ Myanmar Idol ကို လုပ်လာတဲ့အချိန်မှာ ဒီကလေးတွေရဲ့ Talents နဲ့ သူတို့ရဲ့ ဆိုဟန်တွေနဲ့က ကျွန်တော်စိတ်ကူးယဉ် ထားတဲ့ သီချင်းတွေကို ကွက်တိ ကျတယ်လို့ ပြောလို့ရလာလို့ စီစဉ်ဖြစ်ခဲ့တာ’’ဟု ယင်းအခွေကို စီစဉ်ပေးသည့် Myanmar Idol ၏ Music Director ဥက္ကာဦးသာ က ပြောသည်။

IDOL Acoustica Album ကို ယခင်အောင်မြင်ကျော်ကြားခဲ့ သည့် နာမည်ကြီးအဆိုတော်များ ဖြစ်သော ကိုင်ဇာ၊ အောင်ရင်၊ ထူးအိမ်သင်၊ ဆောင်းဦးလှိုင်၊ မျိုး ကျော့မြိုင်၊ ဖြူသီ စသူတို့၏ တေး သီချင်းများအပါအဝင် သီချင်း သစ်တစ်ပုဒ်ဖြင့် စီစဉ်ထားခြင်း ဖြစ်သည်။

အဆိုပါအခွေတွင် Myan-mar Idol Winner ဆုရှင် စော လားထော်ဝါးက ‘ချိန်းတဲ့ည’၊ နင် ဇီမေက ‘အချစ်က အမှား’၊ Mဇော်ရိန်က ‘အရမ်းလွမ်းနေပြီ’၊ Sophia Everest က ‘မိုင်ပေါင်းကုဋေ’ စသည့်တေးသီချင်းများကို သီဆို ထားပြီး သီချင်းသစ်တစ်ပုဒ်ဖြစ် သည့် ‘စမ်းချောင်းထဲက မျက်ရည်’ကို အောင်တေဇာကျော်က သီဆို ပေးထားသည်။

Myanmar Idol  သည် Winner ဆုရှင်ကိုသာ တစ်ကိုယ် တော်အခွေထုတ်ပေးရန် စီစဉ်ခဲ့ သော်လည်း ယခုအခါ Top 11 ပြိုင်ပွဲဝင် ၁၁ ဦးအတွက် အခွေ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။


Leave a Reply