ရန်ကုန်-မင်းဘူး-အမ်းတံတားတည်ဆောက်ရန် မောင်းသူမဲ့လေယာဉ်ဖြင့် လမ်းကြောင်းရေးဆွဲမည်

ရန်ကုန်-မင်းဘူး-အမ်းတံတား တည်ဆောက်ရန် မောင်းသူမဲ့လေယာဉ်ဖြင့် 3D ရုပ်ပုံများ ရိုက်ယူကာ လမ်းကြောင်း ရေးဆွဲမည်ဖြစ်ကြောင်း စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဦးစီးဌာနမှ သတင်းရရှိသည်။ ‘‘ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ အကူအညီတောင်းမှု ကြောင့် တံတားတည်ဆောက်ရေး လုပ်ငန်းမှာ လမ်းကြောင်း ရေးဆွဲခြင်းကို မောင်းသူမဲ့လေယာဉ်နဲ့ ရှုထောင့်ပေါင်းစုံကနေ ရုပ်ပုံတွေ ရိုက်ကူးပြီး တိုင်းတာပေးမှာဖြစ်ပါတယ်။ ရိုက်ကူးလို့ရလာတဲ့ပုံတွေ ကို ဆော့ဖ်ဝဲနဲ့ 3D ရုပ်ကြွအနေနဲ့ ဖန်တီးပြီး ရေးဆွဲပေးသွားမှာ ဖြစ်ပါတယ်’’ဟု စက်မှုနည်း ပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင် ရွက်မှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်စွာစိုးက ပြောကြားသည်။

တိုင်းတာခြင်းများကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ်သုတေသနဌာနမှ ကျောင်းသားများက  ဖန်တီးထားခြင်းဖြစ်ပြီး တံတားတည်ဆောက် ရေးလုပ်ငန်းများတွင် တိုင်းတာခြင်းကို ပထမဆုံး အကြိမ် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

‘‘တံတားဆောက်ဖို့အတွက် လမ်းကြောင်းတွေကို လူနဲ့တိုင်းမယ်ဆိုရင် လနဲ့ချီပြီးတော့ ကြာမယ်။ ပြီးတော့ နေရာတိုင်း ကို လူကလိုက်ပြီး မတိုင်းနိုင်ဘူးလေ။ မောင်းသူမဲ့လေယာဉ်နဲ့ဆိုရင်တော့ တိုင်းတာမှုက နှစ်ပတ်လောက်ပဲ ကြာနိုင်ပါ တယ်။ အချိန် ကုန်သက်သာသလို လုပ်သားအင်အား အသုံးပြုမှုကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်’’ဟု ဦး ကျော်စွာစိုးက ပြောသည်။

မောင်းသူမဲ့လေယာဉ်သု တေသနဌာနအနေဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများနှင့် သဘာဝဘေးဆိုင်ရာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုဆောင်ရွက်လိုကြောင်း၊ အကူအညီတောင်းခံလာ ပါက မည်သည့်အဖွဲ့အစည်းမဆို သက်ဆိုင်ရာ ခွင့်ပြုချက်များနှင့်အညီ ကူညီပေးမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိ တွင် မောင်းသူမဲ့လေ ယာဉ်များကို ရေဘေးဖြစ်ပွားခဲ့ သည့် ကလေးမြို့၌ စစ်တမ်း ကောက်ယူခြင်း၊ မဟာဓာတ်အား လိုင်းသွယ်တန်းခြင်းအတွက် ဓာတ်ကြိုးများပြေးဆွဲရာတွင် အသုံးပြုခြင်း၊ မိတ္ထီလာမြို့ မီးသတ်နှင့်ပူးပေါင်း၍ မီးငြှိမ်း သတ်ရေး လုပ်ငန်းများ၌ ပူးပေါင်းဆောင် ရွက်ခြင်း စသည့်လုပ်ငန်းများတွင် အသုံးပြုခဲ့ကြောင်း သိရသည်။

7 Day Daily


Leave a Reply