ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် (၂ဝ၁၆)ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး (၂ဝ၁၆) ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ (ဇူလိုင်လ ၁၂ရက်နေ့) နံနက် (၈) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးဝင်းအတွင်းတွင် ကျင်းပပြုလုပ်ကြပါသည်။

????????????????????????????????????

????????????????????????????????????

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဌာနကြီးမှူးနှင့် ဌာနမှူးများ သင်တန်းကျောင်း မှ ကျောင်းအုပ်ကြီးနှင့် အဖွဲ့ဝင်များ၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်တို့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများ ပါတီဌာနချုပ်ရုံးဝန်ထမ်း မိသားစုများ၊ စုစုပေါင်း အင်အား (၂၅ဝ) ကျော်တို့မှ စုပေါင်း၍ ကျွန်းပင် (၂၇၆) ပင်၊ ခရေပင် (၉ဝ)ပင်နှင့် လျှော်ဖြူ (ဆေးကုလားမ) ပင် (၁၉ဝ)ပင်တို့အား အိုးစည်၊ ဒိုးပတ်ဝိုင်းတို့ဖြင့် ပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

_DSC9792 _DSC9754


Leave a Reply