Myanmar Idol အဆိုပြိုင်ပွဲမှ Top 11 Acoustic Album ထွက်

Myanmar Idol အဆိုပြိုင်ပွဲမှ Top 11 အဆိုရှင်များ၏ Myanmar Idol Top 11 Acoustic Album သီချင်းခွေကို ဇူလိုင်၈ရက်ကစတင် ဖြန့်ချိခဲ့ပြီးတာမွေမြို့နယ်အရှေ့မြင်း ပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ကွင်း တွင်ဝယ်ယူနိုင်ကြောင်းသိရသည်။
အဆိုပါအခွေတွင် စောလား ထော်ဝါးက ‘ချိန်းတဲ့ည’၊ M Zaw Rain က ‘အရမ်းလွမ်းနေပြီ’၊ နင်ဇီ မေက ‘အချစ်ကအမှား’၊ ဆိုဖီယာ အဲဗရက်(စ်)က ‘မိုင်ပေါင်းကုဋေ’၊ ဇော်မင်းဦးက ‘သီးသန့်သီချင်း’၊ စောထက်နိုင်စိုးက ‘သေလောက် အောင်ချစ်တော့လည်း’၊အောင်ပြည့် ထွန်းက’နေနဲ့လအရှေ့နဲ့အနောက်’၊ အောင်တေဇကျော်က’စမ်းချောင်း ထဲကမျက်ရည်’၊ မေကြည်က ‘သတိရရင် ပြီးတာပဲ’၊ ရီယိုက ‘တကယ်ကိုများ’၊ခိုင်သဇင်သင်းက ‘နာရီပေါ်မှမျက်ရည်စက်များ’သီချင်း များဖြင့်သီဆိုထားကြသည်။
Myanmar Idol Acoustic Album အခွေကို City Mart များတွင်ရောင်းချရန် အစီအစဉ်ရှိ ပြီး နယ်မှမှာယူလိုသူများအတွက် အခွေ ၁ဝခွေနှင့်အထက် ဝယ်ယူ လျှင် သက်ဆိုင်ရာမြို့ရှိဘဏ်များမှ KBZ Bank Account သို့ ငွေလွှဲ ဝယ်ယူနိုင်ကြောင်း သိရသည်။


Leave a Reply