ဥရောပ၏ လုံခြုံရေး အမေရိကန် ရေရှည်ပါဝင်မည်ဟု အိုဘားမားကတိပြု

13654201_1728469817393519_9167676800625325594_n

ဝါဆော ဇူလိုင် ၁ဝ

အမေရိကန်သမ္မတအိုဘားမားသည် ၄င်း၏ သမ္မတသက်တမ်းမကုန်ဆုံးမီ နောက်ဆုံး တက်ရောက်သည့် နေတိုး ထိပ်သီး အစည်းအဝေးတွင် ဥရောပ၏ လုံခြုံရေးအတွက် အမေရိကန်၏ စစ်ရေးအရ ရေရှည်ပါဝင်ပတ်သက်မှုများနှင့် အမေရိကန်၏ မဟာမိတ် များကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။

စစ်အေးကာလကစပြီး ကာကွယ်ရေးအတွက် တပ်ကူများထားရှိရန် အနောက် ကာကွယ်ရေးမဟာမိတ်များက သဘောတူခဲ့သည်ဟု ပြောသည်။

ယူကရိန်းထံမှ ခရိုင်းမီးယားကို သိမ်းယူရန် ကြိုးပမ်းသည့် ရုရှားကိုတုံ့ပြန်သည့်အနေဖြင့် ပိုလန်နှင့် ဘော်လ်တစ် ဒေသတို့တွင် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရန် သဘောတူခဲ့ကြသည်ဟု လည်း ပြောသည်။

”ဘယ်တော့မှ မပြောင်းလဲတဲ့အချက်ကတော့ ဥရောပ၏ကာကွယ်ရေးနှင့် လုံခြုံ ရေးအတွက် အမေရိကန် ပြည်ထောင်စုရဲ့ ပါဝင်ပတ်သက်မှုဟာ ဝေဝါးသွားမှာမဟုတ် ပါဘူး” ဟု အိုဘားမားကပြောသည်။

သမ္မတအိုဘားမား ယခုကဲ့သို့ ပြောကြားရခြင်းမှာ အမေရိကန်သမ္မတ ရွေးကောက် ပွဲ မဲဆွယ်စည်းရုံးမှုတစ်ခုအတွင်း ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရန့် က နေတိုးအဖွဲ့ကို ခေတ်ကုန်သွားပြီဟု လည်းကောင်း၊ ဥရောပသည် ၄င်းတို့၏ ကာကွယ်ရေး အတွက် ကိုယ်တိုင်အားထုတ်သင့်သည်ဟု ပြောခဲ့ခြင်းကြောင့် ဖြစ်သည်။

အိုဘားမားသည် ၄င်း၏ သမ္မတသက်တမ်းအတွင်း အာရှဒေသ၌ အမေရိကန်၏ မဟာဗျူဟာကို ချဲ့ထွင်ခဲ့ပြီး တပ်ဖွဲ့ဝင် ၆ဝဝဝဝ ကို ဥရောပနိုင်ငံများတွင် တပ်ဖြန့် ချထား ဆဲဖြစ်သည်။

(ရိုက်တာ)


Leave a Reply