ယူရို ၂၀၁၆ ရွှေဖိနပ်ဆု ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း ရရှိ

Griezmann-Reuters

ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ပြင်သစ်တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းက ရရှိသွားပါတယ်။

တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ သွင်းဂိုး စုစုပေါင်း ၆ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရရှိသွားတာပါ။

အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပွဲစဉ် ၇ ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းယူတဲ့အပြင် အသင်းဖော်တွေ ၂ ဂိုးရအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုကတော့ ၃ ဂိုးပဲ သွင်းယူနိုင်ပြီး အသင်းဖော်တွေကို ၃ ဂိုးရအောင် ကူညီနိုင်ခဲ့ပါတယ်။

ဒါကြောင့် ယူရိုပြိုင်ပွဲရဲ့ ဒုတိယ သွင်းဂိုးအများဆုံးသူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ပေါ်တူဂီက အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ရီနာတို ဆန်းချက်ဇ်ကတော့ ယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိသွားပါတယ်။

ဆန်းချက်ဇ်ဟာ ယူရိုပြိုင်ပွဲတလျှောက်မှာ ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

(ရိုက်တာ)


Leave a Reply