မိုင်းကိုင် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ယခုလ ၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် မြို့နယ်ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပရာ သဘာပတိက အဖွင့်အမှာစကားပြောကြားခဲ့သည်။

14913222-09072016

ထို့နောက် ပြည်နယ်ကော်မတီဝင်ဦးခွန်သိန်းမောင်နှင့် လွိုင်လင်ခရိုင်တာဝန်ခံ ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော်တို့က မျက်နှာစုံညီအစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းပေးခဲ့သည်။ ယင်းနောက် မိုင်းကိုင်မြို့နယ် ပါတီကော်မတီဝင်များ တာဝန်မှနုတ်ထွက်ခြင်း၊ ပါတီဝင်အသစ် ရွေးချယ်ခြင်း၊ အရန်ကော်မတီဝင်များရွေးချယ်ခြင်း၊ ပါတီဥက္ကဋ္ဌအတွင်းရေးမှူး၊ ဘဏ္ဍာရေး မှူးများကို အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ဥက္ကဋ္ဌအဖြစ်ရွေးချယ် တင်မြှောက်ခြင်းခံရသော ဦးစိုင်းခေးဆိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာကျင်းပခဲ့ကြောင်းသိရသည်။

စိုင်းစိုးမင်းလတ်


Leave a Reply