ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ၌ ပြည်သူများ မဲပေးကြပြီ

13615480_1052183164874570_4794217250668181324_n

တိုကျို ဇူလိုင် ၁ဝ

ဂျပန်နိုင်ငံ၌ အထက်လွှတ်တော်အမတ်များကို ရွေးချယ်နိုင်ရန် ဇူလိုင် ၁ဝ ရက်တွင် ပြည်သူများ မဲပေးလျက် ရှိကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်း ထုတ်ပြန်သည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ စီးပွားရေးမူဝါဒများနှင့် ပတ်သက်၍လည်းကောင်း၊ ဂျပန်နိုင်ငံ၏ စစ်အင်အား တိုးချဲ့မှုကို ပိတ်ပင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ချက်ပြုလုပ်လိုသော ၄င်း၏ ရည်မှန်းချက်နှင့် ပတ်သက်၍ လည်းကောင်း မဲဆန္ဒရှင်ပြည်သူများက သံသယပွားမှုရှိနေလင့်ကစား အာဏာရ ညွန့်ပေါင်းအဖွဲ့သည် ရွေးကောက် ပွဲတွင်အောင်ပွဲခံမည့် အလားအလာများ ပေါ်ထွက်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဝန်ကြီးချုပ် အာဘေး၏ ညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၂၄၂ နေရာရှိ အထက်လွှတ်တော်၏ အမတ် နေရာ ၁၂၁ နေရာ အတွက် ရွေးချယ်နိုင်ရန် ကျင်းပသော ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည့်လက္ခဏာမရှိပေ။

ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလ အတွင်း အမတ်လောင်းများနှင့် ပါတီခေါင်းဆောင်များက ဝန်ကြီးချုပ် အာဘေး၏ စီးပွားရေးမူဝါဒများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက်ထည့်သွင်းရေးနှင့် အမျိုးသား လုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဟောပြောခဲ့ကြသည်။

အာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီနှင့် ယင်း၏မဟာမိတ် ကိုမေတိုးပါတီတို့သည် ပါဝင်ယှဉ်ပြိုင်သည့် အမတ်နေရာများအနက် ၆၁ နေရာထက် မနည်း သော အမတ်နေရာအများစုကိုရရှိရန် မျှော်မှန်းထား သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြင်ဆင်ချက်တစ်ရပ် ထည့်သွင်းနိုင်ရေးအတွက် အဆိုပြုနိုင်ရန် အာဘေး၏ ညွန့်ပေါင်း အဖွဲ့အနေဖြင့် ပါလီမန်ရှိ လွှတ်တော်နှစ်ရပ် စလုံးတွင် အမတ်သုံးပုံနှစ်ပုံ အများစုအနေအထား ရရှိရန် လိုအပ်သည်။

(ရိုက်တာ)


Leave a Reply