နိုင်ငံအနှံ့ အသေခံ ဗုံးခွဲမှုများအတွက် ပါကစ္စတန်သား အများစု အပါအဝင် ၁၉ ဦးကို ဆော်ဒီဖမ်းဆီးထား

fgrgthgt

ရာမာဒန် ကာလအတွင်း နိုင်ငံအနှံ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့မှုနှင့် ဆက်စပ်၍ ဆော်ဒီအာရေး ဘီးယား ရဲတပ်ဖွဲ့က ပါကစ္စတန် နိုင်ငံသား အများစု အပါအဝင် လူ ၁၉ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက အစ္စလာမ်မစ် ဘာသာရေး၏ အထွဋ်အမြတ် နေရာတစ်ခုဖြစ်သည့် မီဒီနာမြို့ အပါအဝင် ဆော်ဒီတွင် နေရာ ၃ ခု၌ ၂၄ နာရီ အတောအတွင်း ဗုံးပေါက်ကွဲမှုများ ဆင့်ကဲ ဖြစ်ပွားခဲ့သည်။ မီဒီနာမြို့၊ တမန်တော် မိုဟာမက် ဗလီကြီးအနီး အသေခံ ဗုံးခွဲမှုတွင်မူ လုံခြုံရေး အရာရှိ ၄ ဦးပါ သေဆုံးခဲ့သည်။

ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာနက အဆိုပါ တိုက်ခိုက်မှုများနှင့် ဆက်စပ်သော သံသယ တရားခံ ၁၉ ဦးကို ဖမ်းဆီးထားရာ ၁၂ ဦးသည် ပါကစ္စတန် နိုင်ငံသားများဟု ဆိုသည်။ ထို့အပြင် တိုက်ခိုက်မှုများ အတွင်းမှ အသေခံ ဗုံးသမား တစ်ဦး၏ အမည်ကိုလည်း ထုတ်ပြန် ကြေညာခဲ့သည်။ ထိုသူသည် မီဒီနာတွင် ဗုံးခွဲခဲ့သူဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ဆော်ဒီအမျိုးသား နာရာမူဆလင်ဟာမက် ဆိုသူဖြစ်ကြောင်း သိရသည်။ ဝန်ကြီးဌာနက ၎င်းသည် မူးယစ်ဆေးဝါး သုံးစွဲသည့် နောက်ကြောင်း ရာဇဝင်များ ရှိခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

ကွာတစ်ဖ်မြို့တွင် ဖြစ်ပွားသော အသေခံ ဗုံးခွဲမှုအတွက် အဓိက တာဝန်ရှိသူ ၃ ဦး၏ အမည်များကိုလည်း ကြေညာခဲ့သည့်တိုင် ၎င်းတို့၏ နိုင်ငံသား သတ်မှတ်ချက်ကို တိတိကျကျ မသိရချေ။ သို့သော် ထိုသူအားလုံး ဆော်ဒီ နိုင်ငံသားများ မဟုတ်ဟု ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ ထိုတစ်နေ့တည်းတွင်ပင် ဂျာဒါးမြို့၊ အမေရိကန် ကောင်စစ်ဝန်ရုံး အနီး၌ လူတစ်ဦးက အသေခံ ဗုံးခွဲမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး ဝန်ထမ်းနှစ်ဦး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့သည်။

ဆော်ဒီတွင် ၂၄ နာရီအတွင်း နေရာ ၃ ခု၌ ဖြန့်ကျက်တိုက်ခိုက်ခဲ့သော အသေခံ ဗုံးခွဲမှုများအတွက် မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့တွင် တာဝန်ရှိကြောင်း ကြေညာမှု မပြုခဲ့ချေ။ ဆော်ဒီ အစိုးရက အိုင်အက်စ်တို့၏ လက်ချက်ဟု သံသယ ရှိနေပြီး ယင်းအဖွဲ့အစည်းသည် ယခင်က ဆော်ဒီ လုံခြုံရေး တပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးသည်။

ယခုတိုက်ခိုက်မှုသည် ရာဒါမန် ဘာသာရေးလတွင် ပေါ်ပေါက်ခဲ့ပြီး အစ္စလာမ်မစ် ဘာသာရေး၏ အထွဋ်အမြတ် နေရာတစ်ခုကိုပါ ပစ်မှတ်အဖြစ် ထည့်သွင်းထားခြင်း ဖြစ်ရာ အလယ်အလတ် သဘောထားရှိသော မွတ်ဆလင် လူထုအတွက် အကြီးအကျယ် တုန်လှုပ်စရာ ဖြစ်လာခဲ့သည်။

Ref: BBC


Leave a Reply