မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်နှင့်ကျေးရွာ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၇) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပါတီအရန်ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်က ပြန်လည် ရွေးခြယ်ပွဲ၌ ရွေးချယ်ခံပါဝင်လာသည့် မြို့နယ် ပါတီ ကော်မတီဝင်များ၏ အမည်စာရင်းများကို မိတ်ဆက်ဖတ်ကြားပေးခဲ့ကာ ပါတီရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာမှ ပါတီဝင်စည်းရုံးရေးမှူးများက မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ ရပ်/ကျေးပါတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက် ထားရှိမှုနှင့် လုပ်ရှားဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်သက်ဆိုင်သည့် ဆောင်ရွက်ချက် အသေးစိတ် တို့ကို တင်ပြခဲ့ကြကာ တင်ပြချက်များအပေါ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်က ပြန်လည်ရှင်းလင်း ဖြေကြား ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပါတီအရန်ဗဟိုကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ဘဏ္ဍာရေးမှူး ဒေါ်နီလာမြင့်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီ စည်းရုံးရေးမှူးများ တက်ရာက်ခဲ့ကြသည်။

K.L


Leave a Reply