ပြင်သစ်နဲ့ ပေါ်တူဂီ ဗိုလ်လုရမယ့် ယူရိုပြိုင်ပွဲ

13580446_1123775114332406_3911142195168692932_o

ဒီနေ့ ကစားခဲ့တဲ့ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ ယူရို၂၀၁၆ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင်ပြင်သစ်က ဂရစ်ဇ်မန်းရဲ့ဂိုးတွေနဲ့ ၂ဂိုးပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ ပါတယ်။

ပွဲချိန်အစောပိုင်းမှာ ဂျာမန်ီက ကစားကွက် အသာစီး ရခဲ့ပေမယ့် အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့တဲ့ မူလာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဂျာမနီတိုက်စစ် ထိရောက်မှု မရှိခဲ့ပါဘူး။

ပထမပိုင်းပြီးခါနီးမှာ ဧရိယာအတွင်း ရှဝိန်းစတိုင်ဂါ လက်ထိလို့ ပြင်သစ် ပင်နယ်တီရခဲ့ပါတယ်။ ဒီပင်နယ်တီကနေ ဂရစ်ဇ်မန်းက အဖွင့်ဂိုး သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဂျာမနီ ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် မြန်ဆန်တဲ့ ပြင်သစ်တိုက်စစ်ကို မထိန်းနိုင်ခဲ့လို့ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။

ဂျာမနီ ဂိုးဧရိယာ ညာဘက်ခြမ်းကနေ ပေါ့ဘာ သွက်သွက်လက်လက် လှည့်ထွက်ပြီး ဖြတ်တင်ပေးတာကို နျူအာ ထွက်ပုတ်ချိန်မှာ ဂရစ်ဇ်မန်းရှေ့ ဘောလုံးရောက်ပြီး ဂရစ်ဇ်မန်းက ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

ဒီပွဲမှာ နှစ်ဂိုးသွင်းနိုင်တဲ့ ဂရစ်ဇ်မန်းဟာ စုစုပေါင်း သွင်းဂိုး ၆ဂိုးနဲ့ ရွှေဖိနပ်ဆုရဖို့ အလားအလာကောင်းနေပါတယ်။

အခုပွဲနိုင်ခဲ့တဲ့ ပြင်သစ်ဟာ ဇူလိုင် ၁၁ရက်နေ့ နံနက် ၁နာရီခွဲမှာ ပေါ်တူဂီနဲ့ ဗိုလ်လုပွဲ ကစားရမှာပါ။

-Ref; Goal.com


Leave a Reply