လပွတ္တာခရိုင် ပါတီမျက်နှာစုံညီစည်းဝေး ပြန်လည်ပြင်ဆင်ရေးရွေးချယ်ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးနှင့် ပါတီပြည်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ယခုလ ၅ ရက် နံနက် ၁ဝ နာရီက လပွတ္တာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင်များ၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များနှင့် မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင်သဘာပတိက အဖွင့်အမှာ စကားပြောကြားခြင်း၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားခြင်း၊အမျိုးသမီး ရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းတို့အား တိုင်းဒေသကြီးပါတီနာယက (လပွတ္တာ ခရိုင်တာဝန်ခံ) ဦးဝင်းကိုကိုက အလှူငွေ တစ်သိန်းစီ လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် သဘာပတိတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးဥာဏ် လင်းရှေ့မှောက်၌ ခရိုင်ပါတီကော်မတီဝင်(အဟောင်း)များက တာဝန်မှနုတ်ထွက်ကြောင်း တင်ပြခြင်း၊ တိုင်းဒေသကြီးပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင် ဦးစိုးဝင်းက ခရိုင်ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေးကော်မတီဝင်ဦးဝင်းကိုကိုက ဆန္ဒမဲပေးရွေးချယ်ထားသော ခရိုင်ပါတီကော်မတီဝင်လောင်းများ ၏အမည်စာရင်းအား အတည်ပြုကြေညာခြင်း၊သဘာဝတိက ဆန္ဒမဲ ပေးရွေးချယ်ထားသည့် ခရိုင်ပါတီ ကော်မတီဝင်နှင့် ခရိုင်အရန်ပါတီကော်မတီဝင်များ၏ အမည်စာရင်းအား အတည်ပြုကြေညာခြင်း၊ ဆက်လက်၍ ဥက္ကဋ္ဌဦးလှိုင်ဦး၊ အတွင်းရေးမှူး ဦးလှမြင့်၊ ဘဏ္ဍာ ရေးမှူး ဦးဝင်းနိုင်ဦးတို့အား အတည်ပြုကြေညာခြင်းနှင့် ခရိုင် ပါတီကော်မတီဝင်များက ကတိ သစ္စာပြုခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ပြီး အခမ်းအနားကို ကြွေးကြော်သံ များဖြင့် အောင်မြင်စွာရုပ် သိမ်းလိုက်ကြောင်းသိရသည်။

ဝင်းကျော်မြင့်


Leave a Reply