ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာမောင်မောင်ဌေး အိန္ဒိယနိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ မောင်မောင်ဌေးသည် ယခုလ ၄ရက် မွန်းလွဲ ၂နာရီ ၂၅ မိနစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ပြုလုပ်မည့် အိန္ဒိယဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့တို့အကြား အမြင်ချင်းဖလှယ် ဆွေးနွေးပွဲသို့တက်ရောက်ရန်အတွက် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းအမှတ် AI 228 W ဖြင့်ထွက်ခွာသွားရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နိုင်ငံခြားရေးရာဌာနမှဒုတိယဌာနမှူး ဦးဆွေဝင်းနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ကြောင်း သိရသည်။

အေးကိုက


Leave a Reply