နည်းပညာတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက် အပြောင်းအလဲမရှိ

ရန်ကုန်နှင့် မန္တလေး နည်း ပညာတက္ကသိုလ် ၀င်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အနည်း ဆုံးရမှတ် ၄၈၀ နှင့် အခြားနည်း ပညာတက္ကသိုလ်များအတွက် ရ မှတ် ၃၈၀ သတ်မှတ်၍ ခေါ်ယူ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

 ‘‘နည်းပညာတက္ကသိုလ် (COE) က ၄၈၀ မှတ်နဲ့ ကျန်နည်း ပညာတက္ကသိုလ်တွေက အနည်း ဆုံး ၃၈၀ မှတ်ပဲ၊ မနှစ်ကအတိုင်းပဲ အပြောင်းအလဲမရှိဘူး’’ဟု ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (သိပ္ပံနှင့်နည်းပညာ) ဦးကျော်စွာစိုးက ပြောသည်။

 နည်းပညာတက္ကသိုလ်များ အတွက် ၀င်ခွင့်အမှတ်ကို တက္က သိုလ်ဝင်စာမေးပွဲ အနည်းဆုံးရ မှတ် ၃၈၀ သတ်မှတ်မည်ဖြစ်ပြီး  ၀င်ခွင့်လျှောက်ထားရာတွင် ဒေသ ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်၍ ဒေသခံကျောင်းသားကို ဦးစားပေးလက်ခံမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ရန်ကုန်နှင့်မန္တလေး နည်း ပညာတက္ကသိုလ်များတွင် စာသင် နှစ်တစ်နှစ်လျှင် ကျောင်းသူ၊ ကျောင်းသားဦးရေ ၃၀၀ ကို လက်ခံပြီး အင်ဂျင်နီယာဘာသာရပ် ၁၁ ခုနှင့် ဗိသုကာဘာသာရပ်တစ်ခု စုစုပေါင်းဘာသာရပ် ၁၂ ခု သင် ကြားပေးလျက်ရှိသည်။

‘‘ဒီနှစ်အမှတ်က အနည်းဆုံး ၄၈၀ ရှိရင် လျှောက်ထားခွင့်ရှိ တယ်။ ဒါပေမဲ့ ဘယ်လောက်အ မှတ်နဲ့ ပြတ်သွားမလဲဆိုတာက တော့ ကျောင်းသားတွေရဲ့ စိတ် ကြိုက်ရွေးချယ်မှုအပေါ်မှာ မူ တည်တယ်။ အရင်နှစ်က ၅၀၂ မှတ်မှာ သတ်မှတ်ထားတဲ့ လူပြည့် သွားတယ်’’ဟု ရန်ကုန်နည်းပညာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်သန်းယုက ပြော သည်။

ရန်ကုန်နှင့် မန္တလေးနည်း ပညာတက္ကသိုလ်များကို အဆင့် မြင့်နည်းပညာတက္ကသိုလ် (Cen-ter of Excellent CoE) အဖြစ် ဖွင့်လှစ်ထားပြီး တက်ရောက်ခွင့်ရရှိသည့် ကျောင်းသူ၊ ကျောင်း သားများကို ပညာသင်နှစ်ခြောက် နှစ် သင်ကြားပေးကာ အင်ဂျင်နီယာဘွဲ့ (BE) ပေးအပ်မည်ဖြစ် သည်။

 ရန်ကုန်နည်းပညာတက္က သိုလ်တွင် ဘွဲ့လွန်နှင့် ဘွဲ့ကြိုသင် တန်း တက်ရောက်သင်ကြားနေ သည့် ကျောင်းသူ၊ ကျောင်းသား ၁,၀၀၀ ခန့်ရှိကြောင်း အဆိုပါ တက္ကသိုလ်မှ သိရသည်။

‘‘နောက်ပိုင်းနှစ်တွေကျရင် နိုင်ငံတော်ရဲ့ စနစ်ပြောင်းလဲမှုအ ပေါ် မူတည်ပြီးတော့ ကျောင်းမှာ ၀င်ခွင့်စာမေးပွဲတွေ စစ်ဆေးတာ မျိုးတွေနဲ့ လက်ခံသွားဖို့ အစီအ စဉ်ရှိပါတယ်’’ဟု ဒုတိယပါမောက္ခ ချုပ်ဒေါက်တာခင်သန်းယုက ပြော သည်။

နည်းပညာတက္ကသိုလ်ရှိ ဘာသာရပ်များအနက် နှစ်စဉ်ဦးစား ပေး ဘာသာရပ်အဖြစ် ဗိသုကာ ဘာသာရပ်(Architecture)နှင့် မြို့ပြအင်ဂျင်နီယာဘာသာရပ် (Civil) တို့တွင် တက်ရောက်လိုသူ များပြား၍ ၀င်ခွင့်အမှတ်များပြားလေ့ရှိသည်။

7 Day Daily


Leave a Reply