မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၃)ရက်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ပါတီ၏ အသက်သည် စည်းရုံးရေးဖြစ်သဖြင့် စည်းရုံးရေးကို အဓိကထား ဆောင်ရွက် သွားကြရန် ပြောကြားပြီး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးနေ၀င်းဇော်က ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်။

ထို့နောက် ဘဏ္ဍာရေးမှူး ဒေါ်ယဉ်မြတ်သူက ဘဏ္ဍာရေးကိစ္စများနှင့် အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြီး အစည်းအဝေးတက်ရောက်လာကြသော မြို့နယ်ပါတီ ကော်မတီဝင်များက တိုက်နယ်အလိုက်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများ ကို လစဉ်ကျင်းပနိုင်ရေး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပါတီများနှင့် ဆွေးနွေးပွဲ များကို ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လစဉ် နယ်မြေများသို့ သွားရောက်ပြီး တိုက်နယ်အလိုက် အစည်းအဝေးများ ကျင်းပနိုင်ရေး၊ ပါတီဝင်အင်အား များတိုးပွားရေးတို့ကို အဓိကထား ဆောင်ရွက်သွားကြရေး ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

နေ၀င်းဇော် (မြန်အောင်)


Leave a Reply