ဘောလုံးအဖွဲ့ချုပ်ကို မြန်မာဘရူဝါရီက ကန်ဒေါ်လာ ၆ သန်း ထောက်ပံ့မည်

Untitled

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို မြန်မာဘရူဝါရီ လီမိတက်က ၁ နှစ်ကို ၁ ဒသမ ၂ သန်းနဲ့ ၅ နှစ်အတွက်   ၆ သန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

မြန်မာဘရူဝါရီအနေနဲ့ ၂၀၁၆ ကနေန ၂၀၂၀ ခုနှစ်အထိ ၅ နှစ်ကြာပံ့ပိုးသွားမှာပါ။ ၁ နှစ်ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ ဒေါ်လာ ၆ သန်းပံ့ပိုးမယ်လို့ ဇူလိုင် ၅ ရက်နေ့က Novotel Hotel (ပုသိမ်ခန်းမ) မှာ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ ၁ နှစ်မှာ အမေရိကန်ဒေါ်လာ ၅ သန်းဝန်းကျင် သုံးစွဲနေရတယ်လို့ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

မြန်မာဘရူဝါရီ လီမိတက်ဟာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကိုလည်း သုံးနှစ်ဆက်တိုက်ပံ့ပိုးကူညီခဲ့တာ ဖြစ်ပါတယ်။

(DVB)


Leave a Reply