လပွတ္တာခရိုင်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၅) ရက် နံနက် (၁၀) နာရီအချိန်က ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

13612350_402849113223555_6097192444890355590_n

အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့် တိုင်းပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေးကော်မတီဝင်များ၊ လပွတ္တာခရိုင်/မြို့နယ်နှင့် မော်လမြိုင်ကျွန်း မြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် လူမှု ရေးအသင်းအဖွဲ့များ ဧည့်သည်တော်များ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် သဘာပတိမှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းပါတီအတွင်း ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားကာ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့အား တိုင်းပါတီနာယက (လပွတ္တာခရိုင်တာဝန်ခံ) ဦးဝင်းကိုကိုက အလှူငွေ (၁) သိန်းစီ လှူဒါန်းခဲ့သည်။

အစီအစဉ်ဒုတိယပိုင်းတွင် သဘာပတိ တိုင်းဒေသကြီးကော်မတီဝင် ဦးဥာဏ်လင်း ရှေ့မှောက်၌ ခရိုင်ပါတီကော်မတီဟောင်းများမှ တာဝန်မှ နှုတ်ထွက်ကြောင်း တင်ပြခြင်း၊ တိုင်းပါတီပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ကော်မတီဝင် ဦးစိုးဝင်းက ခရိုင်ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခြင်း၊ တိုင်းပါတီပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ကော်မတီဝင် ဦးဝင်းကိုကိုက ဆန္ဒမဲပေးရွေးချယ်ထားသော ခရိုင်ပါတီ ကော်မတီဝင်လောင်းများ၏ အမည်စာရင်းအား အတည်ပြုကြေညာခြင်း၊ သဘာ ပတိက ဆန္ဒမဲပေးရွေးချယ်ထားသည့် ခရိုင်ပါတီကော်မတီဝင်နှင့် ခရိုင်အရန်ပါတီကော်မတီဝင်များ၏ အမည်စာရင်းအား အတည်ပြု ကြေညာခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌအဖြစ် ဦးလှိုင်ဦး၊ အတွင်းရေးမှူးအဖြစ် ဦးလှမြင့်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးဝင်းနိုင်ဦးတို့အား အတည်ပြုကြေညာပြီး ခရိုင် ပါတီကော်မတီဝင်များက ကတိသစ္စာပြုာကာ အခမ်းအနားကို ကြွေးကြော်သံ များဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Leave a Reply