ဂရင်းဆလမ်နိုင်ပွဲ ၃၀၀ ဖြင့် ဆရီနာဝီလီယံ ၀င်ဘယ်ဒန်(၁၆) ဦးအဆင့်သို့ တက်ရောက်

57278327

အမေရိကန်တင်းနစ် မယ် ဆရီနာဝီလီယံသည် ၎င်း၏  ဂရင်းဆလမ်နိုင်ပွဲ ၃၀၀ မြောက်ရရှိရန် ၅၁ မိနစ်သာ ကြာမြင့်ခဲ့ ပြီး ၀င်ဘယ်ဒန်ပြိုင်ပွဲ၏ နောက်ဆုံး (၁၆) ဦးအဆင့်သို့ တက်ရောက်သွားသည်။

လက်ရှိဝင်ဘယ်ဒန်ချန်ပီယံ သည် ဂျာမနီမှ ကမ္ဘာ့အဆင့် (၄၃)အန်နီက ဘက်ကို ၆-၃၊ ၆-၀ ဖြင့်နှစ်ပွဲပြတ် အနိုင်ယူပြီး (၁၆) ဦး အဆင့်တွင် ဂရင်းဆလမ်ချန်ပီယံ နှစ်ကြိမ်ဖြစ်ဖူးသူ ကုဇနက်ဆိုဗာ နှင့် တွေ့ဆုံမည်ဖြစ်သည်။

‘‘ကောင်းကောင်းကစားနိုင် ခဲ့တယ်လို့ ထင်ပါတယ်။ ပွဲအစမှာ ဒီထက်မြန်မြန်ကစားချင်ခဲ့ပေမယ့်လည်း အာရုံစူးစိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြစ်ခဲ့ပါတယ်’’ဟု ဆရီနာဝီလီယံက ပြောသည်။

ဆရီနာသည် ယခုအခါဝင် ဘယ်ဒန်နိုင်ပွဲ ၈၂ ပွဲရရှိပြီးဖြစ် ကာ (၇) ကြိမ်မြောက် ၀င်ဘယ်ဒန်ချန်ပီယံဆုရယူရန်နှင့် စတပ်ဖီဂရပ်ဖ်၏ (၂၂) ကြိမ် ဂရင်းဆလမ် ချန်ပီယံစံချိန်ကို လိုက်မီရန် အလားအလာကောင်းနေသည်။

၎င်း၏ ဂရင်းဆလမ်နိုင်ပွဲ ၃၀၀ မှာလည်း နာဗရာကီလိုဗာ ၏ ၃၀၆ ပွဲစံချိန်ထက် ခြောက်ပွဲသာ လျော့နည်းတော့သည်။

အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် စနေနေ့က ကမ္ဘာ့အဆင့် (၁)ဂျိုကိုဗစ်ရှုံးနိမ့်ခဲ့၍ ကမ္ဘာ့အဆင့်  (၂) အန်ဒီမာရေးက ဦးဆောင်နေရာ မာရေးသည် (၁၆) ဦးအဆင့်တွင် သြစတြေးလျနိုင်ခြေအဆင့် (၁၅) နစ်ကာဂျီယော့စ်နှင့် ကစား ရမည်ဖြစ်သည်။ ပြင်သစ်မှ နိုင်ခြေအဆင့် (၁၂) ဆွန်ဂါက အမေရိကန်မှ နိုင်ခြေအဆင့် (၁၈) အစ် နာကို ၆-၇ (၃/၇)၊ ၃-၆၊ ၇-၆၊ ၆-၂၊ ၁၉-၁၇ ဖြင့် မာရသွန်ကဲ့သို့ ရှည်ကြာသော ပွဲကို အနိုင်ရကာ နောက်တစ်ဆင့်တက်သွားသည်။

—Ref:AP


Leave a Reply