ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 13606961_1721237494798434_8736086409053732790_n

အခမ်းအနားတွင် သဘာပတိမှ အမှာစကားပြောကြားခြင်း၊ မြို့နယ်ပါတီကော်မတီ အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ စာတမ်းများဖတ်ကြားခြင်း၊ မြို့နယ်ပါတီ ကော်မတီအား ပြန်လည်ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးယဉ်ထွေး၊ မြို့နယ်ပါတီအတွင်းရေးမှူးအဖြစ် ဒေါ်အေးအေးမြင့်၊ ဘဏ္ဍာရေးမှူး အဖြစ် ဒေါ်ဝင်းဝင်းမာ နှင့် မြို့နယ်ပါတီကော်မတီဝင်များအဖြစ် ဦးကျော်သူ၊ ဦးဝင်းမြင့်ဦး ဦးစိုးသန်း၊ ဒေါ်ယဉ်ယဉ်ထွေး၊ ဦးတင်စိုး၊ ဒေါ်ခင်သီတာလွင်၊ ဦးကြည်လွင်၊ ဦးထွန်းဝင်း၊ ဦးအောင်သူ၊ ဦးသိန်းအေး၊ ဦးမင်းသိမ်း၊ ဦးလှထွန်းဦးတို့ အား ရွေးချယ်အတည်ပြု ခဲ့ကြောင်း သိရသည်။

ရွေးချယ်ခံရသူများမှ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူကြပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌသစ် ဦးယဉ်ထွေးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

Credit – Win Myint Oo


Leave a Reply