UNAနှင့် မိတ်ဖက်အဖွဲ့အစည်းများ ၂၁ရာစုပင်လုံအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အဓိက ဆွေးနွေး

13606850_996213890499296_5945818905573724614_n(2)

ညီညွတ်သောတိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မိတ်ဖက်နိုင်ငံရေးအဖွဲ့ အစည်းများ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံသို့တင်ပြမည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံစတင်ချိန်တွင် ညီလာခံသို့ တင်ပြမည့်အချက်များကို အဓိကထားဆွေးနွေးခဲ့ခြင်း ဖြစ်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် မည့် ပုံစံများ၊ အမြင်များ ဆွေးနွေးဖလှယ်ခဲ့ခြင်းဖြစ်သည်ဟု UNA အတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

‘‘ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံတည်ဆောက်ကြမလဲ။ အခုတော့ အမြင်တွေဖလှယ်ကြတာပေါ့။ နောက်ထပ် ထပ်တွေ့ဖို့ ကြိုးစားကြမှာပါ။ တိုင်းရင်းသားအများစုသဘောတူတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်မယ့်ပုံစံကို ထပ်တွေ့ဆုံ ပြီး ဆွေးနွေးကြမှာပါ’’ဟု ဦးစိုင်း ညွန့်လွင်ကဆိုသည်။

ရန်ကုန်မြို့တွင် ဇွန်လ ၃၀ရက်မှ စတင်ကာ ဇူလိုင်လ ၂ရက်အထိ သုံးရက်ကြာညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(United Nationalities Alliances- UNA)နှင့်တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (Ethnic Nationalities Affairs Center- ENAC)တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲ (Drafting Key Principles and Charact-eristics for a Federal Union ofBurma) ကို ကျင်းပခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ UNA  အဖွဲ့ဝင်ပါတီများအပြင် မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များ လည်းတက်ရောက်ခဲ့သည်။ အစိုးရသစ်က ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံကို လာမည့်သြဂုတ်အတွင်း ကျင်းပရန်စီစဉ်နေပြီး အဆိုပါညီလာခံ ကို နိုင်ငံရေးပါတီများအနေဖြင့်လွှတ် တော်အတွင်း လွှတ်တော်ကိုယ် စားလှယ်နေရာရရှိမှသာ ကိုယ် စားလှယ်အဖြစ် ပါဝင်ခွင့်ရမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားသည်။

UNAတွင် အဖွဲ့ဝင် ၁၂ဦးပါရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တို့က လွှတ်တော်၌ နေရာရထားသည်။ UNAသည် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဟာမိတ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအ၀င် နိုင်ငံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ သည်။ ၁၉၉၀အထွေထွေရွေး ကောက်ပွဲတွင် အနိုင်ရထားသော တိုင်းရင်းသားပါတီများဖြင့် UNA ကို ဖွဲ့စည်းကာ စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင်ပါတီ ၁၂ပါတီ ရှိခဲ့သည်။


Leave a Reply