တိုင်ပေအခြေစိုက် CUB ဘဏ်က မြန်မာနိုင်ငံတွင် အစိမ်းရောင်စွမ်းအင်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

13081804_1136480829709399_320826700_n

တိုင်ပေ အခြေစိုက် Cathay United Bank (CUB)က မြန်မာနိုင်ငံတွင် အစိမ်းရောင် စွမ်းအင် (Green Energy) လုပ် ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေကြောင်း သတင်းရရှိသည်။ အဆိုပါ သဘာဝစွမ်းအင် လုပ်ငန်းများ၌ ရင်းနှီး မြှုပ်နှံရန် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်လိုင် စင်ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း အဆိုပါ ဘဏ်ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

‘‘အခုက မြန်မာပြည်တွင်း ဘဏ်တွေမှာ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကူညီ ဆောင်ရွက်ပေးနေတယ်။ အထူးသဖြင့် ကမ္ဘောဇဘဏ်နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်။ ပြည်တွင်း မှာ လိုင်စင်ရရင် နေရောင်ခြည် သုံးလျှပ်စစ် လုပ်ငန်း မှာ ရင်းနှီးမြှုပ် နှံဖို့ ရှိတယ်’’ဟု ၎င်းကဆက်လက် ပြောကြားသည်။ ဗဟိုဘဏ်က နိုင်ငံခြားဘဏ် များ၏ ဘဏ်ခွဲ ကိုးခုကို ၂၀၁၄ တွင် ပထမအကြိမ် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဒုတိယအကြိမ် နိုင်ငံခြားဘဏ်လေးခုကို ထပ်မံခွင့်ပြု ခဲ့သည်။ နှစ်ကြိမ် စလုံးတွင် CUB ဘဏ်သည် လိုင်စင် ၀င်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခံရခြင်း မရှိပေ။ တတိယအကြိမ် တွင်လည်း ၀င်ရောက်ယှဉ်ပြိုင် ရန် ဗဟိုဘဏ်က ဖိတ်ခေါ်ထား ကြောင်း အဆိုပါဘဏ်က  ဆိုသည်။

လက်ရှိတွင် CUB အနေဖြင့် အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်း (SME) ၊ ဗဟိုဘဏ် ၀န်ထမ်းများ စွမ်းရည် မြှင့်တင်ရေး သင်တန်းများဆောင်ရွက်ပေးနေ ကြောင်း CUB ဒုဥက္ကဋ္ဌပြောသည်။တိုင်ပေရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအ တွက် ၂၀၁၅ နှစ်ကုန် အထိ CUBသည် ပြည်တွင်း ကမ္ဘောဇဘဏ် တွင် အကောင့်ဖွင့်၍ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ထည့်သွင်းထားကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

 CUB သည် ၂၀၁၅ နှစ် ကုန်အထိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်း ၁၀၀ ကျော်အတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပြုလုပ်ထား သည်။ တရုတ်၊ ဂျပန်နှင့် အမေရိ ကန်နိုင်ငံများတွင် အစိမ်းရောင် ဘဏ္ဍာရေးလုပ်ငန်း (Green Finance) လုပ်ငန်းများ၌ အောင်မြင်နေကြောင်းနှင့် ကမ္ဘာအနှံ့ တွင် ဘဏ်ခွဲပေါင်း ၆၆ ခုဖွင့်လှစ်ထားသည်ဟု အဆိုပါ ဘဏ်မှသိ ရသည်။

အဓိကအားဖြင့်  တရုတ်နှင့် အာဆီယံ ဈေးကွက်ကို ဦးတည်ချက်ထားကြောင်း ယင်းဘဏ်ကဆိုသည်။ အဆိုပါဘဏ် သည် ၂၀၁၄ စက်တင်ဘာတွင် မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ခွဲဖွင့်လှစ်ထားသည်။ အမျိုးသား  လျှပ်စစ်ဓာတ် အား မဟာစီမံကိန်းတွင် လျှပ်စစ် ဓာတ်အား လိုအပ်ချက်အတွက် အမေရိကန်ဒေါ်လာ ခြောက်ဘီလီ ယံခန့် လိုအပ်မည် ဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် ရေအားလျှပ်စစ်၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့များမှ လျှပ်စစ်ထုတ်လုပ်ရန် အဓိက စီစဉ်ထားသည်။ သဘာဝ စွမ်းအင်သုံးအနေဖြင့် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လေအား လျှပ်စစ်နှင့် နေရောင် ခြည်သုံး လျှပ်စစ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။


Leave a Reply