အိမ်ရှင်ပြင်သစ်က အိုက်စလန်ကို ဂိုးပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်တက်

13528589_1734757033443847_1614819234687224564_o

ယူရို ၂၀၁၆ အိမ်ရှင် ပြင်သစ်အသင်းက အိုက်စလန်ကို (၅) ဂိုးသွင်းပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ကမ္ဘာ့ချန်ပီယံ ဂျာမနီနဲ့ လာမယ့် ကြာသပတေးနေ့မှာ မာဆေးလ်မှာ ဆီမီးဖိုင်နယ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပြင်သစ်အသင်းမှာ ပွဲပယ်ခံထားရတဲ့ ကစားသမားတွေနေရာမှာ အူမီတီနဲ့ ဆစ်ဆိုကိုတို့ ပါဝင်လာခဲ့ပြီး အိုက်စလန် ကတော့ ပွဲထွက် လူစာရင်းမှာ အပြောင်းအလဲ မရှိပဲ ကစားခဲ့ပါတယ်။

ပြင်သစ်က ပွဲစကည်းက တိုက်စစ်ဆင် ဖိကစားခဲ့တာကြောင့် ပထမပိုင်းမှာတင် အိုက်စလန်ကို (၄) ဂိုးပြတ် သွင်းပြီး ဂိုးနှစ်ဂိုးကိုတော့ ပထမပိုင်းရဲ့ နောက်ဆုံးမိနစ်တွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။ အိုက်စလန်အသင်းအနေနဲ့လည်း တန်ပြန် တိုက်စစ်တွေကနေ ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကို တွေ့ရပါတယ်။

ပထမပိုင်းမှာ ပြင်သစ်အတွက် (၁၂) မိနစ်မှာ ဂျရူးရဲ့ အနိမ့်ကန်ချက်နဲ့ ဂိုးနဲ့ (၁၉) မိနစ်မှာ ဂရစ်ဇ်မန်း ရဲ့ထောင့်ကန်ဘောကနေ ပေါ့ပ်ဘာရဲ့ အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုး နှစ်ဂိုး ရရှိခဲ့ ပါတယ်။

နောက်နှစ်ဂိုးဆက် သွင်းဂိုးတွေကိုတော့ (၄၃) မိနစ်မှာ ပါယတ်က ယူရို ၂၀၁၆ မှာ သူ့ရဲ့ တတိယမြောက်ဂိုးကို ကိုက် (၂၀) အကွာကနေ သွင်းယူခဲ့ပြီး ဒီဂိုးကို ဖန်တီးပေးခဲ့တဲ့ ဂရစ်ဇ်မန်းကပဲ (၄၅) မိနစ်မှာ ဂျရူးနဲ့ အပေးအယူလုပ်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဘောလုံးကို အသာမပြီး ကျော်သွင်းသွားခဲ့ပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဂရစ်ဇ်မန်းဟာ သွင်းဂိုး (၄) ဂိုးထိ ရရှိကာ ဂိုးအများဆုံးသွင်းသူအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစ (၅၆) မိနစ်မှာ အိုက်စလန်အသင်းက ဆီဂေါ့ဆန်က ချေပဂိုး တစ်လုံးပြန်သွင်းခဲ့ပေမယ့် (၅၉) မိနစ်မှာ ဖရီးကစ်နဲ့  ဂျရူးက ဒီပွဲရဲ့ ပဉ္စမမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ အိုက်စလန် အတွက် ဒုတိယဂိုးကိုတော့ (၈၄) မိနစ်မှာ ဘီယန်းနာဆန်က ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပြင်သစ်က (၅-၂) ဂိုးနဲ့ အိုက်စလန်ကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

Ref; Goal.com


Leave a Reply