သပိတ်ကျင်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန်လ (၃၀) ရက်) နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းမျက်နှာစုံညီ အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင် ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်
များ၊ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိက အမှာစကားပြောကြားခြင်း၊ မြို့နယ်ပါတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြခြင်း၊ မြို့နယ်ပါတီ ကော်မတီဝင်(ဟောင်း)များ နှုတ်ထွက်ခြင်း၊ ကော်မတီဝင် (အသစ်) များနှင့် အရန်မြို့နယ်ပါတီကော်မတီဝင်များ၏ အမည်စာရင်း တင်သွင်းခြင်း၊ အတည်ပြုကြေညာခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ရွေးချယ်ခံရသော မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာ ရေးမှူးအပါအ၀င် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များက ကတိသစ္စာခံယူကာ အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။


Leave a Reply