နားကြပ်ပေါက်မပါဝင်သော iPhone 7 ကိုယ်ထည်ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်လာ

iPhone-7-Chassis-1

iPhone 7 ဟု ယူဆရသည့် ပေါက်ကြားထွက်ပေါ်လာသော ဓာတ်ပုံများအရ မျိုးဆက်သစ် iPhone တွင် နားကြပ်ပေါက် ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ သို့သော်လည်း Mac Otakara ဂျပန်ဘလော့က အဆိုပါ အပြောင်းအလဲ မှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း ဖော်ပြခဲ့သည်။

ပေါက်ကြားထွက်ပေါ်လာသည့် iPhone 7 ရွှေရောင်ကိုယ်ထည်တွင် 3.5mm နားကြပ်ပေါက် မပါဝင်ပေ။ အဆိုပါနေရာတွင် အခြားစပီကာ တစ်လုံးထည့်သွင်း နိုင်သည့် နေရာလွတ် ဖြစ်ပေါ်စေသည်။ ယခုကိုယ်ထည်ဒီဇိုင်း သည် Apple က နားကြပ်ပေါက်ကို ဖယ်ရှား၍ စတူဒီယိုစပီကာများ ထည့်သွင်းမည်ဆိုသော ယခင် ကောလာဟလ သတင်းများနှင့် ကိုက်ညီနေသည်။

ဓာတ်ပုံတွင်ဖော်ပြထားသည့် ကိုယ်ထည်၏ lightning port ရှိရာ ဘယ်ဘက်ခြမ်းတွင် အပေါက် ၆ ခု ကို မြင်တွေ့ ရမည်ဖြစ်သည်။ ထို့အတူ ညာဘက်တွင် အလားတူ အပေါက်များ တွေ့ရသည်။ ဘက်ဘက်ခြမ်းရှိ အပေါက် ၆ ခုအနက် တစ်ခုမှာ microphone input ဖြစ်ပြီး အခြားအပေါက် ၅ ခုမှာ စပီကာ output ဖြစ်ကြောင်း Apple Insider မှ ဖော်ပြခဲ့သည်။

iPhone 7 ကိုယ်ထည်ဟုယူဆရသော ဓာတ်ပုံတစ်ပုံကို nowwhereelse.fr က ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး single ကင်မရာ lens အပြင် မိုက်ခရိုဖုန်းနှင့် ကင်မရာ flash အတွက် အပေါက်များကို တွေ့မြင်ရသည်။ မျက်နှာပြင် ၅.၅ လက်မ Plus ဗားရှင်းတွင် dual lens ကင်မရာ ပါဝင်လာဖွယ်ရှိသောကြောင့် ဓာတ်ပုံတွင် မြင်တွေ့ရ သည့် အရာမှာ ၄.၇ လက်မ iPhone 7 ဖြစ်ဖွယ်ရှိသည်။

Ref: Forbes


Leave a Reply