နာဇီအကျဉ်းစခန်း ၂ ခုမှ အသက်မသေ လွတ်မြောက်ခဲ့သည့် နိုဘယ်လ်ဆုရှင် ကွယ်လွန်

Elie-Wiesel-left-with-Obama-AFP

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အသက်မသေ လွတ်မြောက်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အယ်လီ ဗီဇလ် (Elie Wiesel) ဟာ ဇူလိုင် ၂ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်ခဲ့ပါတယ်။

နာဇီ လူသတ်အကျဉ်းစခန်း ၂ ခုမှာ ဆယ်ကျော်သက်တဦးအဖြစ် ဖြတ်သန်းခဲ့ရပြီး သူ့ရဲ့ စခန်းတွင်းအတွေ့အကြုံ စာပေအရေးအသားတွေနဲ့ ကမ္ဘာကျော် စာရေးဆရာ တဦးလည်း ဖြစ်ပါတယ်။

အဲ့ဒီ နာဇီအကျဉ်းစခန်းတွေမှာ သူ့ရဲ့မိဘ ၂ ဦးနဲ့ ညီမ ၁ ဦးတို့ သေဆုံးခဲ့တာပါ။

နာဇီတွေရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို မမေ့ပျောက်ဖို့အတွက် သူ့တသက်တာလုံး ကြိုးစားခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာ့ဂျူးလူမျိုးများကွန်ဂရက် ဥက္ကဋ္ဌက အယ်လီကို မီးပြတိုက်လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

အယ်လီကို ၁၉၂၈ ခုနှစ်က ရိုမေးနီးယားနိုင်ငံမှာ မွေးဖွားခဲ့ပြီး ၁၉၄၀ ခုနှစ် သူတို့မိသားစု နေထိုင်တဲ့ မြို့ငယ်ဟာလည်း ဟန်ဂေရီနိုင်ငံအောက် ကျရောက်ခဲ့ပါတယ်။

နောက် ၄ နှစ်ကြာတဲ့အချိန် အယ်လီ ၁၅ နှစ်သားအရွယ်မှာ သူ့မိသားစုနဲ့အတူ တမြို့လုံးက ဂျူးလူမျိုးတွေ ပိုလန်နိုင်ငံက နာဇီတွေရဲ့ လူသတ်အကျဉ်းစခန်းဖြစ်တဲ့ အောက်ဝစ်အကျဉ်းစခန်းကို ပို့ခံခဲ့ရတာပါ။

၁၉၆၀ နှစ်တွေမှာ အမေရိကန်ပြည်ထောင်စုမှာ လာရောက်ခိုလှုံခဲ့ပြီး ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်ရှိပြီဖြစ်ပါတယ်။

(DVB)


Leave a Reply