နိုင်ငံခြားသားကုန်သည်များ မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအ၀ယ်မပြုရန် ကန့်သတ်

DSC06616

မန္တလေးကုန်စည်ဒိုင် တွင် ဧည့်သည်တော်ကတ်ကိုင် ဆောင်ထားသည့် နိုင်ငံခြားသား ကုန်သည်များ အရောင်းအ၀ယ် မပြုလုပ်ရန် သတိပေးချက်ထုတ် ပြန်ခဲ့ကြောင်း ကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ  ဦးညွန့်ဝေကပြောသည်။ အထက်မြန်မာပြည်နှင့် တရုတ်နိုင်ငံသို့ ပဲ၊ နှမ်းများ အဓိက တင်ပို့ရောင်းချနေသည့် မန္တလေး ကုန်စည်ဒိုင်သည် ဧည့်သည်တော် ကတ်များကို အသင်းဝင်မဟုတ်သည့် ပြည်တွင်း၊ ပြည်ပကုန်သည်များအား လာရောက် လေ့လာနိုင်စေရန် ပြုလုပ်ပေးထား ခြင်းဖြစ်ပြီး တိုက်ရိုက် အရောင်းအ၀ယ်ပြု လုပ်ခြင်းကိုမူ ခွင့်ပြုမထားကြောင်း သိရသည်။

‘‘ဧည့်သည်တော်ကတ်ကိုင်ထားတဲ့ နိုင်ငံခြားသားကုန်သည် အနေနဲ့ ကုန်စည်ဒိုင်အတွင်းမှာ တိုက်ရိုက်အရောင်း အ၀ယ်ပြု လုပ်ခွင့်မရှိပါဘူးလို့ သတ်မှတ်ထားပေမယ့် မကြာခဏ အရောင်းအ၀ယ်လေးတွေ လုပ်လာတဲ့အတွက် အခုလို သတိပေးချက်ထုတ်ပြန်တာပါ။ အဲဒီလို အရောင်းအ၀ယ်လုပ်ချင်တယ်ဆိုရင် အသင်းသားကုန်သည် ကနေ တစ်ဆင့်ပဲ ပြုလုပ်ခွင့်ရှိပါတယ်’’ ဟု ဦးညွန့် ဝေက ပြောသည်။

လက်ရှိတွင် မန္တလေးကုန် စည်ဒိုင်သို့ လာရောက်ကာ ပုံမှန် အရောင်းအ၀ယ်ပြုလုပ်နေသည့် နိုင်ငံခြားသားကုန်သည် ခြောက်ဦးခန့်ရှိပြီး အသင်းသားကုန်သည်မှ တစ်ဆင့် တာဝန်ခံကာရောင်းဝယ် ခြင်းပြုလုပ်ပါက ဈေးနှုန်းအပြောင်း အလဲကို အထိုက်အလျောက်ထိန်း နိုင်မည်ဖြစ်ကာ ငွေကြေးအရှုပ်အရှင်းကိစ္စများလည်း လျော့နည်းနိုင် ယခုကဲ့သို့ သတ်မှတ်ထားကြောင်း သိရသည်။

‘‘ဧည့်သည်တော်ကတ်နဲ့ ကုန်သည်တွေက တိုက်ရိုက်အရောင်းအ၀ယ်လုပ်ရင် အသင်းသားကုန်သည်က နစ်နာမှုရှိသလို ငွေချေတာမျိုးတန်းမလုပ်တဲ့အတွက် ငွေကြေး အရှုပ်အရှင်းတွေ လည်း ရှိလာနိုင်တဲ့အတွက် ကန့် သတ်ထားခဲ့ တာပါ။ အသင်းသား ကနေတစ်ဆင့် အရောင်းအ၀ယ် လုပ်ရင် အသင်းသားကုန်သည်က လည်း အရောင်းအ၀ယ် အတွက် ကော်မရှင်ခရတဲ့အတွက် သူတို့ အတွက် အဆင်ပြေစေတယ်လေ’’ ဟု ဦးညွန့်ဝေက ပြောသည်။

မန္တလေး ကုန်စည်ဒိုင်ကို အ သင်းသား ၂,၀၀၀ ခန့်၊ ကိုယ်စား လှယ်ပေါင်း ၃,၂၀၀ ခန့်ဖြင့် ဖွဲ့ စည်းထားကြောင်း သိရသည်။  7day daily


Leave a Reply