ရသေ့တောင်မြို့နယ် ကျေးရွာစာသင်ကျောင်းသို့ သွပ်များလှူဒါန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝေကျော်အောင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ သည် ယနေ့ ( ဇူလိုင်လ ၁ရက် ) နံနက် (၉) အချိန်က သမီးလှသစ်ကျေးရွာ စာသင်ကျောင်း၌ ရပ်မိ/ရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ နှင့် သွပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

13567067_401054176736382_6065193538977517673_n

မြို့နယ်ပါတီဥက္ကဋ္ဌမှ လှူဒါန်းရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး အလှူရှင် ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေ မှ လှူဒါန်းသော ငွေကျပ် ကိုးသိန်းတစ်သောင်း တန်ဖိုးရှိ သွပ်ပြား (၂၀၀) ချပ်အား ပြည်နယ်အတွင်းရေးမှူးကိုယ်စား မြို့နယ်ပါတီဥက္ကဋ္ဌမှ ပေးအပ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အကျိုးတော်ဆောင်အဖွဲ့မှ လက်ခံခဲ့ကြကြောင်း သိရသည်။

စန်းပွင့်


Leave a Reply