ဗီဇာကြောင့် ရင်းနှီးမြှုပ်နှံမှု အခက်တွေ့နေ၍ မြန်မာအစိုးရ ဖြေရှင်းပေးစေလိုကြောင်း ကိုရီးယားလုပ်ငန်းရှင်များ တောင်းဆို

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသော်လည်း ဗီဇာလျှောက်ထားရာ၌ အခက်အခဲရှိနေ၍ မြန်မာ အစိုးရအနေဖြင့် ဖြေရှင်းပေးရန် ကိုရီးယားနိုင်ငံသား လုပ်ငန်းရှင်များက တောင်းဆိုထားသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

အာဆီယံနိုင်ငံများဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဗီဇာကင်းလွတ်ခွင့်ပေးသဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည့် ကိုရီးယားလုပ်ငန်းရှင်များက ဗီဇာလွယ်ကူရေးဆောင်ရွက်ရန် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ဇွန်လ (၃၀) ရက်က ပြုလုပ်သည့် လေးကြိမ်မြောက် မဲခေါင် ကိုရီးယား စီးပွားရေးဖိုရမ်၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ဒီကိစ္စက နိုင်ငံတော်အဆင့် တစ်ဆင့်ပြီးတစ်ဆင့်တော့ လုပ်ရမှာပါ။ မြန်မာနဲ့ ကိုရီးယား နှစ်နိုင်ငံ စလုံးက နိုင်ငံခြားရေးဝန်ကြီးဌာနတွေ ညှိနှိုင်းလုပ်ဆောင်ရမှာပါ။ အစိုးရကလည်း ဒါကိုစဉ်းစားပြီး လုပ် သွားမယ်ထင်ပါတယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ယခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုသည် အဆင့် (၆) ၌ ရပ်တည်နေပြီး လုပ်ငန်းပေါင်း  ၁၂၇ ခုဖြင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန် ဒေါ်လာ သန်း ၃,၄၀၀ ကျော် ရှိနေသည်။

ကိုရီးယားနိုင်ငံ၏ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး လုပ် သားအခြေပြုထုတ်ကုန်လုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်လိုကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံသည် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး အနာဂတ်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ အီလက်ထရွန်နစ် ထုတ်ကုန်ပစ္စည်းများ လုပ်ကိုင်ရန်  စိတ်ဝင်စားနေကြောင်း ဦးအောင်နိုင်ဦးက ပြော ကြားသည်။

7 Day Daily


Leave a Reply