ပထမတန်းသင်ရိုးညွှန်းတမ်းအသစ် လာမည့်ပညာသင်နှစ် စတင်ပြောင်းလဲမည်

educationreform1

 အခြေခံပညာကျောင်း များ၌ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပထမတန်း (Grade-1)သင်ရိုးညွှန်းတမ်းအသစ် စတင်ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ ‘‘ပထမတန်း (Grade-1) သင်ရိုးက ရေးဆွဲပြီးပြီ။ အခုနောက်ဆုံးအချောသပ် လုပ်နေတယ်’’ဟု ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ စိုးဝင်းက ပြောသည်။

 အဆိုပါသင်ရိုးညွှန်းတမ်း တွင် သင်ယူမှုနယ်ပယ်များအဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယ၊ အနု ပညာ (ဂီတ၊ ပန်းချီ) စာရိတ္တနှင့် ပြည်သူ့နီတိ စသည်တို့ သင်ကြား မည်ဖြစ်သည်။ အသစ်ပြောင်းလဲမည့် ပထမတန်းသင်ရိုးညွှန်းတမ်းအသစ်၌ ပထမနှစ်ဝက်ဆုံး၊ ဒုတိယနှစ်ဝက် ဆုံးနှင့် စာသင်နှစ်ဆုံး စာမေးပွဲ စစ်ဆေးခြင်း စသည်ဖြင့် စစ်ဆေး အကဲဖြတ်မည်ဖြစ်ကြောင်း သင် ရိုးညွှန်းတမ်း ရေးဆွဲရေး အဖွဲ့ကဆိုသည်။

ပထမတန်းသင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ ၏ သင်ကြားရေးပိုမို ကောင်းမွန်လာစေရန် ပံ့ပိုးပေးနိုင်သည့် သင်ကြား ရေးအထောက်အကူပြုစနစ် တစ်ရပ် ဖန်တီးအကောင်အထည် ဖော်ပေးရန်နှင့် ကျောင်းသားများ၏ သင်ယူတတ်မြောက်မှုကို ထိရောက်စွာ ပံ့ပိုးပေးနိုင်သော စစ်ဆေး အကဲဖြတ်မှု စနစ်တစ်ခု ဖြစ်အောင် ပြုလုပ်ပြောင်းလဲပေးရန် ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့ (CESR)က အကြံပြု ထား သည်။ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကဏ္ဍ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တစ် ခုဖြစ်သည့် သူငယ်တန်းအပေါင်း ၁၂ တန်း (KG+12)ပညာရေး သည် ယခုပညာသင်နှစ်တွင် သူငယ်တန်း (KG)ကို သင်ရိုးညွှန်း တမ်းအသစ်ဖြင့် စတင်သင်ကြား ခဲ့ပြီး အဆိုပါကျောင်းသားများသည် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပထမ တန်း (Grade-1)သို့ ဆက်လက်တက်ရောက်ရမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)


Leave a Reply