အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေးညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်

13521994_10207361729421319_382944678011354225_n

ဆွစ်ဇာလန်နိုင်ငံ Winterthur မြို့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့်‌ လေ့ကျင့်ရေး ညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်ခဲ့ကြောင်း Educational Information Department မှ သိရသည်။

ကမ္ဘာတစ်ဝန်း နည်းပညာနှင့် သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့်‌ လေ့ကျင့်ရေးကဏ္ဍအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား လေ့လာ သိရှိနိုင်ရန်နှင့် မျှဝေနိုင်ရန်ရည်ရွယ်၍ ယင်းညီလာခံကို ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၇၈ နိုင်ငံမှ ကိုယ်စားလှယ်များဖြစ်သည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ စုစုပေါင်း ၅၀ဝ ဦး တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့်‌ ပုဂ္ဂလိကလုပ်ငန်း ကိုယ်စားလှယ် ၄ ဦး လိုက်ပါ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး၏ ဆွစ်ဇာလန်နိုင်ငံ ခရီးစဉ်အတွင်း Vaud ပြည်နယ် ပညာရေးဝန်ကြီးနှင့် တွေ့ဆုံ၍ ဆွစ်ဇာလန် နိုင်ငံ၏ ပညာရေးကဏ္ဍ ဆောင်ရွက်နေမှုများ၊ ပညာရေးကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည့်‌အပြင် ဟိုတယ်သင်တန်းကျောင်းများသို့ သွားရောက်၍ လုပ်ငန်းခွင်အခြေပြု နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ဆောင်ရွက်နေမှုများအား သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။


Leave a Reply