အထပ်မြင့် တည်ဆောက်မှုရပ်ဆိုင်းခြင်းသည် ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးမှုကို တားဆီးခြင်းမဟုတ်ဟု ၀န်ကြီးဆို

13081804_1136480829709399_320826700_n

အထပ်မြင့် အဆောက်အအုံများ တည်ဆောက်မှု ရပ်ဆိုင်းထားခြင်းသည် စည်းမျဉ်းစည်းကမ်း မကိုက်ညီခြင်း ကြောင့်ဖြစ်ပြီး ဆောက်လုပ်ရေးလောကဖွံ့ဖြိုးမှုကို  တားဆီးခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဦးမြင့်သောင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း၌ တည်ဆောက်နေသော ၁၃ ထပ်နှင့်အထက် အထပ်မြင့်အ ဆောက်အအုံများမှာ ခွင့်ပြုချက် နှင့်မညီခြင်း၊ ခွင့်ပြုချက်မရသေး မီ တည်ဆောက်မှုများပြုလုပ်နေ ခြင်းကြောင့် ပြန်လည်စိစစ်ရန် မေလ ၂၀ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ပြီး ရပ်ဆိုင်းခဲ့သည်။

‘‘အခု ရပ်ထားတာက စည်းမျဉ်းနဲ့ မကိုက်ညီလို့ပါ။ နည်းလမ်းမှန်ကန်ရင် ပြန်ခွင့်ပြုပေးမှာပါ’’ဟု ၀န်ကြီးဦးမြင့်သောင်း က ပြောသည်။ လက်ရှိတွင် ဆောက်လုပ်မှု ရပ်ဆိုင်းထားသော အထပ်မြင့်အ ဆောက်အအုံအချို့ကို စတင်စစ် ဆေးနေပြီး စစ်ဆေးပြီးပါက တစ်ပတ်အတွင်း ပြန်လည်တည်ဆောက် ခွင့်ပြုမည်ဟု ရန်ကုန် မြို့တော်စည်ပင် အင်ဂျင်နီယာ နှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ခြင်းကို ရပ်ဆိုင်းထား၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစု နစ်နာမှု များ ကြုံတွေ့နေရပြီး လုပ်ငန်းများအမြန်ဆုံး လည်ပတ်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များက တောင်းဆိုထားကြသည်။ ‘‘ဆောက်လုပ်ရေးသမားတွေကတော့ အတော်ထိနေပြီ။ ကိုယ့်ငွေကိုယ်စိုက် လုပ်တာတောင်ဝယ်သူမရှိတော့ လုပ်ငန်းမလုပ်နိုင်ဘဲ ရပ်နေတယ်’’ဟု Three Friend ဆောက်လုပ်ရေး ကုမ္ပဏီမှ ဒါရိုက်တာဦးကိုကိုလေးက ပြောသည်။

ရန်ကုန်မြို့တွင်အထပ်မြင့်၊ အထပ်နိမ့်အဆောက် အအုံများအတွက် တင်ပြမှုများကိုလက်ရှိတွင် လက်ခံခြင်းမရှိသေးဘဲ အသစ်တည်ဆောက်ရန် လျှောက်ထားမှုများ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မူဝါဒအသစ်ဖြင့် စိစစ်ခွင့်ပြုမည်ဟု သိရသည်။


Leave a Reply