သင့် Facebook ရဲ့  News Feed ကို သင့်စိတ်ကြိုက် ပြသစေဖို့ ဘယ်လိုလုပ်မလဲ

သင့် Facebook ရဲ့ News Feed ဟာ ကြီးမားတဲ့ ပြောင်းလဲပြင်ဆင်မှုတစ်ခု ဖန်တီးခဲ့ပါတယ်။ သင် သတိမထားမိလိုက်တာ ဖြစ်မှာပါ။

13528753_1193063947391268_2520809969298457309_n(2)

သင့်ရဲ့ Facebook Friends တွေနဲ့ သင် Like ပြုလုပ်ထားတဲ့ Page တွေရဲ့ Post တွေကို အချိန် အစီအစဉ်အရ လည်ပတ်မှု (chronological order) စနစ်နဲ့ပြသတဲ့ အယ်လ်ဂိုရီသမ် အစား သင်မြင်တွေ့နေရတာကို စိတ်ဝင်စားစေမယ့် ရှုပ်ထွေးတဲ့ အယ်လ်ဂိုရီသမ်တစ်ခုကို သင့်ရဲ့ News Feed မှာ ပြောင်းလဲပေးထားတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလက်ရှိအနေအထားအရ သင့်ရဲ့ News Feed မှာ အမြဲပြသစေချင်တဲ့ Friends တွေနဲ့ Page တွေကို “See First” အဖြစ် သတ်မှတ်ထားမှသာ အဲဒီ Friends တွေနဲ့ Page တွေက တင်လိုက် တဲ့ Post တွေကို သင့်ရဲ့ News Feed မှာ ပြသမှာဖြစ်ပါတယ်။

Page တွေအတွက် Like ဆိုတဲ့ခလုတ်လေးဘေးက ရွေးချယ်ခွင့်တွေထဲမှာ See First အဖြစ် သတ်မှတ်ထားနိုင်ပြီး Friend တစ်ယောက်အတွက်ဆိုရင်တော့ Following ဆိုတဲ့ ခလုတ်လေးဘေးက ရွေးချယ်ခွင့်တွေထဲမှာ See First အဖြစ် သတ်မှတ်ထားနိုင်ပါတယ်။

Trend Myanmar


Leave a Reply