ဗန်းမောက်မြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေး ပါတီဒုတိယ ဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်၍ လမ်းညွှန်စကားပြောကြား

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ဇွန် (၂၈) ရက် နံနက် (၈) နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် တွင် ကျင်းပသည့် ဗန်းမောက်မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားသည်။

13501640_613954952107353_2539813395046178904_n

ရှေးဦးစွာ ဗန်းမောက်မြို့နယ် ပါတီမျက်နှာစုံညီ အကြိုညှိနှိုင်းအစည်းအဝေးတွင် စစ်ကိုင်း တိုင်းဒေသကြီးပါတီ ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးကော်မတီဝင် ဦးအောင ကျော်ဦး က ရွေးချယ်မှုလုပ်ထုံးလုပ် နည်းများ ရှင်းလင်းပြောကြားပြီး ဗန်းမောက်မြို့နယ် ပါတီအတွက် မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင်အသစ် (၁၅) ဦးနှင့် အရန်မြို့နယ် အလုပ်အမှု ဆောင်ကော်မတီဝင်အသစ် (၁၅) ဦး စုစုပေါင်း ကော်မတီဝင် (၃) ဝတို့ကို စိစစ်ရွေးချယ် ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့်စိစစ်ရွေးချယ်ကြသည်။

ယင်းနောက် ဗန်းမောက်မြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပပြီး မြို့နယ်ပါတီအလုပ်အမှုဆောင်ကော်မတီဝင်အသစ် (၁၅) ဦးတို့အား အမည် စာရင်း ကြေညာခြင်း၊ ကတိသစ္စာပြုခြင်း၊ ပါတီတာဝန်များပေးအပ်ခြင်းတို့ဆောင်ရွက်ပြီး ပြည်ခိုင်ဖြိုး ပါတီ၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချက်စာတမ်း ငါးစောင် အား မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင် အသစ်များက ဖတ်ကြားတင်သွင်းကြ၍ အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ အောင်ရမည်ဟူသောကြွေးကြော်သံ ဖြင့်ကြွေးကြော်ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့်အဖွဲ့သည် ရွေးချယ်ပြီးသော ဗန်းမောက်မြို့နယ် ပါတီအလုပ်အမှုဆောင်ကော်မတီဝင် (၁၅) ဦးနှင့် အရန်မြို့နယ်ပါတီ အလုပ်အမှုဆောင်ကော်မတီဝင် (၁၅) ဦးတို့နှင့်မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီး ပါတီဒုတိယဥက္ကဋ္ဌက သြဝါဒလမ်းညွှန်စကားများ ပြော ကြားခဲ့ကြောင်းသိရသည်။

အေးဇေယျာ


Leave a Reply