တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူများ၏ အဖြေလွှာများကို ပြန်လည်စစ်ဆေးပေးစေလိုပါက စာစစ်ဌာန သို့ တင်ပြနိုင်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူ ကျောင်းသားများ၏ ရမှတ်ကွဲလွဲမှုရှိကြောင်း ယူဆပါက ပြန်လည်စစ်ဆေးပေးရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်ပြနိုင်ကြောင်း အဆိုပါဌာနမှ သိရသည်။

ထိုသို့တင်ပြမည်ဆိုပါက ဖြေဆိုသူကျောင်းသားကိုယ်တိုင် သို့မဟုတ် မိဘများကိုယ်တိုင် ပြန်လည် ကြည့်ချင်သည့်အကြောင်းကို ခံဝန်ကတိထိုး၍ တင်ပြနိုင်ပြီး မူလအဖြေလွှာ စစ်ဆေးထားမှုကို ထပ်မံ စစ်ဆေးမှုပြုလုပ်မည်ဆိုပါက နိုင်ငံတော်သို့ တစ်ဘာသာလျှင် ကျပ်ငွေငါးထောင် ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်အသီးသီး၏ ကျောင်းများမဖွင့်မီအချိန် ကျောင်းသားများ နစ်နာမှုမရှိစေရန်အတွက် ပြန်၍ စစ်ဆေးပေးခြင်း ဖြစ်ကြောင်း သိရသည်။

“ကွဲလွဲမှုတော့ ရှိခဲပါတယ်။ ဆရာတို့ဆီ အကြောင်းကြားခဲ့ရင် စာစစ်အဖွဲ့တွေကို အကြောင်းကြားပြီး ပြန်စစ်ဆေးပေးမယ်။ ဒါပေမဲ့ အဖြေလွှာကိုတော့ ကြည့်ခွင့်မရှိဘူး။ ပြန်လည်စစ်ဆေးတဲ့ ဘာသာရပ် ကိုလည်း ကန့်သတ်မထားဘူး။ သဘောက သူတို့စစ်ဆေးမယ့်ဘာသာရပ်ကို ကွဲလွဲမှု ရှိ မရှိ မှန်ကန် ကြောင်း စာစစ်အဖွဲ့က အကြောင်းပြန်တာကို ဆရာတို့ဘက်က တစ်လအတွင်း အကြောင်းပြန် ပေးမယ်” ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၉.၉၂ ရာခိုင်နှုန်း သာရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က အောင်ချက်သည် ၃၇.၆ ရာ ခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

Tomorrow


Leave a Reply