ကိုယ်ပိုင်သီချင်းတွေ ပိုင်ဆိုင်ချင်လို့ တစ်ကိုယ်တော်အခွေထုတ်မယ့် ဂျူးစံသာ

ကျောင်းမပြီးသေးသော ကြောင့် သရုပ်ဆောင်ဘက်တွင် မလုပ်ဖြစ်သေးသော်လည်း ဂီတ ၀ါသနာပါသဖြင့် တစ်ကိုယ်တော် အခွေ စီစဉ်နေကြောင်း အလှမယ် ဂျူးစံသာကပြောသည်။

‘‘အလှမယ်ပိုင်းကို ၀င်ဖြစ် သွားတာက Show တွေလျှောက် ရင်း၊ ပြိုင်ပွဲတွေပြိုင်ရင်းနဲ့ ၀င်ဖြစ် သွားတာ။ သီချင်းက ငယ်ငယ် လေးကတည်းက ၀ါသနာပါတယ်။ သီချင်းဆိုတာရော နားထောင်ရ တာရော အရမ်းကြိုက်တယ်’’ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းက ရေ ဘေးရန်ပုံငွေဖျော်ဖြေပွဲများတွင် သီချင်းများသီဆိုခဲ့ရာ  ကိုယ်ပိုင် သီချင်းမရှိ၍ တစ်ကိုယ်တော် အခွေစီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း က ဆိုသည်။

‘‘အစကတော့ တစ်ပုဒ် လောက်ပဲလုပ်မလို့။ နောက်တော့ မေမေကရော သူငယ်ချင်းတွေက ရော လုပ်ပါလား၊  အသံလည်း အဆင်ပြေတယ်။ ထုတ်မယ့်ထုတ် တော့ တစ်ခွေထုတ်လိုက်ပါတော့ လားဆိုတာနဲ့ အချိန်ယူပြီး သီချင်း တွေစုနေတာ။ ငါးပုဒ်လောက် တော့ရ ပြီ’’ဟု ၎င်းက ပြောသည်။

အဆိုပါ တစ်ကိုယ်တော် အခွေကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ထွက်ရှိနိုင်ရန် ရည်မှန်းထားပြီး R & B နှင့် အီလက်ထရိုပေါ့ပ်ပုံစံ သီချင်းမြူးမြူးလေးများပါဝင်မည် ဟု ၎င်းက ဆိုသည်။

‘‘အခုရွေးထားတဲ့ သီချင်း တွေကတော့ အချစ်အကြောင်း တွေများပါတယ်။ အခွေနာမည် ကတော့ လောလောဆယ်တော့ စဉ်းစားနေတုန်းပါ’’ဟု ဂျူးစံသာ က ပြောသည်။

ပညာရေးအနေဖြင့် တတိယ  နှစ် ရူပဗေဒဘာသာ တက်ရောက် နေပြီး မိသားစုနှင့် ၎င်း၏ပရိသတ်များက အလှမယ်ပြိုင်ပွဲ ထပ်မံဝင် ရောက်ယှဉ်ပြိုင်ရန်   တိုက်တွန်းနေ၍ စဉ်းစားနေကြောင်း ၎င်းက ပြောသည်။

‘‘ပြိုင်ပွဲတွေ တွေ့ရင်တော့ အရမ်းပြိုင်ချင်တယ်။ စင်ပေါ်မှာ လမ်းလျှောက်ချင်တယ်။ ဒါပေမဲ့ ပြိုင်ပွဲပြိုင်ဖို့ကျတော့ အရမ်းပင် ပန်းတာရယ်။ အချိန်ယူရဦးမှာဆို တော့ တစ်နှစ်လောက်ထပ်စောင့် မလားလို့ စဉ်းစားနေတယ်။ ဒီနှစ် ထဲမှာတော့ မပြိုင်ဖြစ်ဖို့များတယ်’’ ဟု ဂျူးစံသာက ပြောသည်။

ဂျူးစံသာက ၂၀၁၄ တွင် Miss Tourism World ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ သည်။


Leave a Reply