နယ်သာလန် လေကြောင်းလိုင်း မြန်မာနိုင်ငံသို့ စတင်ပျံသန်းဖွယ်ရှိ

13081804_1136480829709399_320826700_n

နယ်သာလန်နှင့် မြန်မာနိုင်ငံအကြား လေကြောင်းခရီးစဉ် ပျံသန်းမှုများ အပြန်အလှန်ပြုလုပ်နိုင်ရန် နှစ်နိုင်ငံအစိုးရကြား သဘောတူညီမှုစာချုပ်ကို ဇွန်လ ၂၇ ရက်က တရားဝင်ချုပ်ဆိုခဲ့သဖြင့် နယ်သာလန်အခြေစိုက် Royal Dutch KLM လေကြောင်းလိုင်းသည် မြန်မာနိုင်ငံသို့ ခရီးစဉ်အချို့စတင် ပျံသန်းဖွယ်ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘နိုင်ငံတကာ လေကြောင်း လိုင်းတွေ တိုက်ရိုက်ပျံသန်းဖို့အ တွက်ဆိုရင် နှစ်နိုင်ငံလေကြောင်း သဘောတူညီမှုစာချုပ် တွေ လိုအပ်ပါတယ်။ ဒီစာချုပ်ဟာ နယ်သာလန် က လေကြောင်းလိုင်းတွေ ပြည်တွင်းကိုတိုက်ရိုက်ပျံ သန်းနိုင်ဖို့ အတွက် လမ်းဖွင့်လိုက်တဲ့သဘောပါပဲ။ တိုက်ရိုက်ပျံသန်းမှုကိုတော့ ခရီးသည် လိုအပ်ချက်အပေါ် မူတည်ပြီး စတင်သွား ဖို့ ရှိနိုင်ပါတယ်’’ဟု လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။

အဆိုပါ စာချုပ်သစ်အရ နှစ်နိုင်ငံအကြား လေကြောင်းပို့ ဆောင်ရေးလုပ်ငန်းကို ကျယ်ပြန့်လာစေရန် တွန်းအားပေး နိုင်မည်ဖြစ်ပြီး လေကြောင်းခရီးစဉ် ပျံသန်းမှုများ၌ လိုက်နာရမည့် စည်းကမ်းများ၊ ခံစားရမည့် အခွင့်အလမ်းများ စာချုပ်တွင် ထည့်သွင်းထားသည်။

လက်ရှိတွင် နယ်သာလန်မှ မြန်မာသို့ တိုက်ရိုက်ပျံသန်းသော ခရီးစဉ်မရှိသေးဘဲ ထိုင်းနိုင်ငံ ဘန်ကောက် လေကြောင်း မှတစ်ဆင့် ပျံသန်းသည့် ခရီးစဉ်အချို့သာ ရှိကာ ယခုစာချုပ်မှာ တစ်ပတ်လျှင် အနည်းဆုံး(၇)ကြိမ်အထိ တိုက်ရိုက် ပျံသန်းမှုကို စတင်နိုင် မည်ဖြစ်သည်။

သဘောတူစာချုပ် လက် မှတ်ရေးထိုးပွဲသို့ နယ်သာလန်အ ခြေစိုက် Royal Dutch KLM လေကြောင်းလိုင်းနှင့် ပြည်တွင်း မြန် မာအမျိုးသားလေကြောင်းလိုင်း (MNA)၊ အပြည်ပြည်ဆိုင်ရာ မြန် မာ့လေကြောင်းလိုင်း (MAI)၊ ရွှေ မြန်မာလေကြောင်းလိုင်း(GMA) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အဆိုပါ လေကြောင်းလိုင်းများက ခရီးစဉ် သစ်တိုးချဲ့ရန် စိတ်ဝင်စားမှုရှိကြောင်း လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။


Leave a Reply