ပြည်သူ့အကျိုးပြုလုပ်ငန်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် (အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် များအား အစဉ်တစိုက်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယခုလ ၂၆ ရက် မွန်းလွဲ ၂နာရီမှ ညနေ ၅ နာရီခွဲအထိ (၁၃) ရပ်ကွက် အလက(ခွဲ)မ(၃)ကျောင်း ရှိ ကျောင်းသားကျောင်းသူများနှင့် ရပ်ကွက်နေ မိဘပြည်သူများ၊ မာဂမီသာစည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော် များ၊ ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကာ ကွယ်ရေးအတွက် ခြင်အန္တရာယ် ကင်းဝေးစေရန်လည်းကောင်း၊ ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄နာရီအထိ (၁၄)ရပ်ကွက် အတွင်းရှိ ရပ်ကွက်နေမိဘပြည်သူ များ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်အန္တရာယ် ကင်းဝေးစေရန် ခြင်ဆေးမှုတ်ခြင်း နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း များကို မြို့နယ်ပါတီကော်မတီမှ ဦးဆောင်၍ မြို့နယ်ကော်မတီ ဝင်များ၊ သက်ဆိုင်ရာရပ်ကွက် ပါတီအဖွဲ့ခေါင်းဆောင်နှင့် ပါတီ ဝင်အင်အားဖြင့် ဆောင်ရွက်ပေးခဲ့ ကြသည်။

လှမျိုး(ဒဂုံအရှေ့)


Leave a Reply