ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၇) ရက် နံနက် (၁၀း၂၀) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ဦးစွာ အခမ်းအနားမှူးက တက်ရောက်ခွင့်ရှိသူ၏ ၉၅% တက်ရောက်သဖြင့် အစည်းအဝေး အထမြောက် ကြောင်းကြေညာပြီး အခမ်းအနားကိုစတင်ရာ ပြည်နယ်ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူမှ အမှာ စကား ပြောကြား သည်။

ယင်းနောက် ပြည်နယ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ခေါင်းဆောင် ဦးကိုးရယ်က အဖွဲ့၏ လုပ်ငန်းဆိုင်ရာနှင့် ခေါင်းဆောင် ရွေးချယ်ရာတွင် လိုက်နာရွေးချယ်ရမည့် အချက်(၉)ချက်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ပါတီဝင် (၇၆)ဦးတို့က ရွေးချယ်ထားသော မြို့နယ် ကော်မတီဝင် (၁၂)ဦး၊ အရန်ကော်မတီဝင် (၁၂)ဦးတို့၏ အမည်စာရင်းကို ကြေငြာပြီး၊ မြို့နယ်ကော်မတီဝင်များထဲမှ လျှို့ဝှက် ဆန္ဒမဲဖြင့် ဥက္ကဋ္ဌအဖြစ် ဦးစောဘွေဒို၊ အတွင်းရေးမှူးအဖြစ် ဦးဆူရယ်၊ ဘဏ္ဍာရေး မှူးအဖြစ် ဒေါ်မာတီနာတို့အား ရွေးချယ်အတည်ပြုကြသည်။

ထို့နောက် လွိုင်ကော်ခရိုင်ပါတီ အစည်းအဝေးတက်ရောက်မည့် ကိုယ်စား လှယ် (၅)ဦးတို့အား ရွေးချယ်ပြီး ဥက္ကဋ္ဌအသစ်ဖြစ်သူ ဦးစောဘွေဒိုက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားကာ နံနက်(၁၁း၃၀)အချိန် အခမ်းအနားကို ကြွေးကြော်သံဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ကယားလေး(လွိုင်ကော်)


Leave a Reply